part 11

13.7K 318 0
                                    

ချိုမိုင်မိုင် (အပိုင်း ၁၁)

ညစာစားခါနီးမှ အမေနှင့်အဖေပြန်ရောက်လာလေသည်။ ခန့်ဘုန်းထမင်းဝိုင်းပြင်နေသည့်အခါ ကိုကိုကကူပေး၏။ ဝေဟင်က ထိုင်ပြီးမျက်မှောင်ကျုံ့ကာကြည့်နေလေသည်။ ထမင်းစားတော့လည်း အကုန်လုံးကိုဦးချပြီး သူ့ကိုတော့ဘာမှမထည့်ပေးပေ။

ထမင်းဝိုင်း၌ အကုန်အသံတိတ်နေတုန်း အဖေကအရင်စပြီးပြောလေသည်။ခန့်ဘုန်းနှင့်ဝေဟင့်အတွက်ဖြစ်၏။

"သမီးကို မီးဖိုချောင်ထဲမှာ သိပ်တာအမြင်မတော်ဘူးနွဲ့ရီ။ အခန်းဖွဲ့ပေးလိုက်ရင်အဆင်ပြေမယ်"

"ဘာမတော်စရာရှိလို့လဲ"

"အငယ်ကောင်နဲ့ သမီးက ယူထားပြီးနေပြီ။ သူတို့အတွက်တစ်ခန်းသပ်သပ်လုပ်ပေးလိုက်ရအောင်"

"ဟုတ်တယ်အမေ ညီမလေးမီးဖိုချောင်ထဲမှာအိပ်ပြီးကျန်ရစ်ခဲ့တာအဆင်မပြေဘူး။ ကျွန်တော်လည်း မြင်နေတွေ့နေရတာ အဆင်မပြေဘူး"

"ကျုပ်က အခန်းမဖွဲ့ပေးချင်လို့ တမင်ခေါ်ထားတာမှမဟုတ်ဘဲ။ မင်္ဂလာမဆောင်ရသေးဘဲ ဘယ်လိုလုပ်တစ်ခန်းထဲအတူသိပ်ရမလဲ။သူ့အမေကလည်းပြန်အပ်တာလက်မှမခံဘဲ"

ဒေါနွဲ့ရီမှာ အစကခန့်ဘုန်းကိုပြန်မအပ်ပေးဘူးဟုဆိုသော်လည်း ဘယ်လောက်ပင်ဒေါသထွက်ထွက်ဝတ္တရားရှိသည့်အတိုင်း ပြန်အပ်ပေးဖို့အကြောင်းကြားခဲ့သည်။ဒါကိုဟိုဘက်က ခါးခါးသီးသီးငြင်းလေသည်။ ထို့ကြောင့်အခုထိပြန်မအပ်ရသေးပေ။ သားကလည်း ခိုးပြေးသည့်ညကအကြောင်းကိုပြောပြထား၍ ကလေးမလေးနှင့်ကိုယ့်သားဘာမှမဖြစ်ရသေးမှန်းသိနေသည်။ ထို့ကြောင့်အနားမှာသာ ကလေးမကိုခေါ်ထားလိုက်၏။

"ဒါပေမဲ့လည်း တစ်ခန်းတော့လုပ်ပေးရမှာပဲလေ"

အဖေ့စကားကို အမေကသဘောမတူပေ။ခန့်ဘုန်းကိုကြည့်ကာ....

"ညည်းဝေဟင်နဲ့အိပ်ချင်လား"

အမေ့မေးခွန်းကြီးကြောင့် ဝေဟင် ထမင်းပင်နင်သွားလေသည်။ခန့်ဘုန်းမှာကြောင်တောင်တောင်ဖြင့်ခေါင်းခါကာ....

"အမေနဲ့ပဲအိပ်မှာ"

ဒီတော့မှ ဒေါ်နွဲ့ရီလည်း ပြုံးကာ....

ချိုမိုင်မိုင်Where stories live. Discover now