part 41

7.9K 174 1
                                    

ချိုမိုင်မိုင် (အပိုင်း ၄၁)

ဆုံးဖြတ်ချက်များ ဇဝေဇဝါနှင့် ကားမောင်းနေသည့်စုရှင်းခိုင်ကိုပင် အားနာပါးနာဖြင့် နောက်ကြောင်းပြန်လှည့်ခိုင်းမိသည်။ ဘာကြောင့် နောက်ကြောင်းပြန်လှည့်မိသည်ကို ကိုယ့်ကိုယ်ကိုယ်လည်းမသိပေ။

"ငါဘယ်ကိုပို့ပေးရမလဲခန့်ဘုန်း"

"မေမေ့အိမ်ကိုပဲ ပို့ပေးပါ"

ကိုကိုက ပြုံးသည်။ကားပြတင်းပေါက်ဆီကနေ အပြင်ကိုငေးကြည့်ရင်း လိုက်ပါလာသည့်ခန့်ဘုန်းကို ကိုကိုနှင့်စုရှင်းခိုင်သည်မည်သို့မည်ပုံထင်မည်မသိ။ ပြုံးနေသည့်ကိုကို့ကိုလည်း ခန့်ဘုန်းလှည့်မကြည့်မိပေ။ တရွေ့ရွေ့မောင်းနှင်လာသည့် ကားပေါ်မှာငြိမ်ငြိမ်သက်သက်ကလေးလိုက်ပါလာမိ၏။

မေမေ့အိမ်ရှေ့ရောက်သည့်အခါ ခြံစည်းရိုးတံခါးကပွင့်နေသလို အိမ်မကြီးတံခါးလည်း ပွင့်နေလေသည်။ကားပေါ်ကနေဆင်းဖို့အတွက် ခန့်ဘုန်းသက်ပြင်းအကြိမ်ကြိမ်ချနေမိသည်။

"ငါလိုက်ခဲ့ရမလားခန့်ဘုန်း"

ကားပေါ်ကနေ ဆင်းဖို့အတွက်တွေဝေနေသည့် ခန့်ဘုန်းကို စုရှင်းခိုင်က ကူညီပေးဖို့မေးလိုက်ပေမဲ့ ကိုကိုကမျက်နှာကလေးပျက်သွား၏။

"ညီမလေး တစ်ယောက်ထဲသွားပါစေ"

"ခန့်ဘုန်းတစ်ယောက်ထဲ ဝင်သွားတဲ့အခါ ရန်ဖြစ်ကြရင်ဘယ်လိုလုပ်မလဲ။ဝေဟင်ကမူးရင်မူးနေမယ်။ အသိစိတ်လွတ်ရင်လည်းလွတ်နေနိုင်တယ်လေ။ခန့်ဘုန်းအခုလို သွားကြည့်တာအန္တရာယ်များတယ်"

"ကိုယ့်ညီက အဲ့လောက်ထိ သွေးမဆိုးဘူးဆိုတာ ကိုယ်အာမခံပါတယ်"

"သွေးဆိုးတာ မဆိုးတာကအခုချိန်ဘာမှ အာမခံစရာမလိုဘူးအစ်ကို။ ခန့်ဘုန်းတစ်ယောက်ထဲသွားဖို့ဆိုတာ ခန့်ဘုန်းရဲ့ဂုဏ်သိက္ခာလည်းရှိသေးတယ်။"

"သူတို့လင်မယားချင်းတွေ့ကြတဲ့ကိစ္စမှာ ကိုယ်တို့ကဘေးလူတွေ။ဝင်မရှုပ်သင့်ဘူး"

"ဒါဆိုရင်တော့ အစ်ကိုမှားနေပြီ။ ခန့်ဘုန်းနဲ့ဝေဟင်က အချိန်ကာလတစ်ခုကြာအောင်ကွဲနေကြတာ။တရားရုံးမှာ တရားဝင်မကွာရသေးတာကလွဲရင် ကွဲတော့ကွဲနေတာပဲ။ခန့်ဘုန်းလည်း သူ့ဂုဏ်သိက္ခာနဲ့သူရှိနေတာပဲ။အခုမူးရူးနေတဲ့ခင်ပွန်းဟောင်းကို သူတစ်ယောက်ထဲဝင်ပြီးသွားတွေ့တယ်ဆိုတာ ပတ်ဝန်းကျင်အမြင်မှာတစ်မျိုးဖြစ်နိုင်တာပဲ"

ချိုမိုင်မိုင်Where stories live. Discover now