ဒီနေ့ရာသီဥတုသာယာသည်။မနေ့ညကမိုးကြောင့် ယနေ့မနက်ခင်းကတောက်တောက်ပပစိမ်းစိမ်းစိုစို။မြင်လေရာရာတောက်ပနေသမျှ ငယ်ငယ့်အပြုံးတွေကအတောက်ပဆုံး။တစ်လလုံး Sပြည်နယ်မှာသောင်တင်နေပြီး မနေ့ကမှYမြို့တော်သို့ပြန်ရောက်ခြင်း။တိမ်ငွေ့က အလုပ်ကိစ္စတွေမပြတ်သလို ငယ်ငယ်ကိုယ်တိုင်လည်းထိုပြည်နယ်မှာအတော်ပျော်နေသည်။ထို့ကြောင့် နောင်းညို၏ပြန်လာရန် တဂျီဂျီဂျီကျမှုအားလျစ်လျူရှူကာတစ်လလုံးနေပစ်လိုက်သည်။
မနေ့ကမှတိမ်ငွေ့ကိုယ်တိုင်ပြန်လိုက်ပို့ကာ ယခုသုံးယောက်လုံးစားသောက်ဆိုင်သို့ရောက်ရှိနေလေသည်။သီးသန့်ခန်းတွေရှိသော်လည်း သူတို့သုံးယောက်လုံးဝရံတာမှာသာထိုင်ဖြစ်သည်။ဒုတိယထပ်ဖြစ်သဖြင့် လမ်းသွားလမ်းလာများကိုမြင်နိုင်သလို အလှသစ်ပင်များကြောင့် ဥယျာဥ်လေးထဲရောက်နေသလိုခံစားရစေသည်။
"တော်ပြီလား ထပ်မှာအုံးလေ"
"တော်ပြီနောင်းညိုရဲ့ အခုမှာလိုက်တာတောင်များနေပြီကုန်ရောကုန်မှာလားမသိဘူး"
"ကုန်မှာသေချာတယ် တစ်လအတွင်းငါသိလာတာကလခြမ်းကဘယ်လောက်စားစားစားနိုင်တယ် ပြီးရင်"ဝ"လည်းမလာဘူး တစ်နေကုန်တဇွတ်ဇွတ်စားနေတာတောင် ခါးလေးကငါ့လက်ဝါးလောက်ရှိတာပဲကြည့်"
"မျက်နှာလေးကတော့ပြည့်လာတယ် အဲ့ပြည်နယ်နဲ့တည့်လို့ထင်တယ် အသားတွေတောင်ပိုဖွေးလာသလိုပဲ"
"ဟုတ်တယ်ငါအရမ်းပျော်နေတာ နောက်ထပ်လည်းသွားအုံးမှာ ဟီးဟီး "
"နောက်တစ်ခါဆို ငါလည်းလိုက်မှာနော်"
"လိုက်ခဲ့ လိုက်ခဲ့ သုံးယောက်ဆိုပိုပျော်ဖို့ကောင်းမှာ နောက်တစ်ခါသွားရင်အဲ့နားက နံမည်ကြီးတဲ့တောင်ပေါ်တက်ကြည့်မယ် ပြီးရင်ပန်းချီလည်းဆွဲချင်သေးတယ်"
"ဟုတ်ပြီသွားကြမယ် အိမ်ရှင်ကမကြည်ဖြူရင် ဒို့နှစ်ယောက်ဟော်တည်မှာတည်းကြမယ်"
သူဘာမှဝင်မပြောရသေးခင် ဒရမ်မာခင်းလာတဲ့နောင်းညို
"ငါကဘာကိစ္စမကြည်ဖြူရမှာလဲ"
YOU ARE READING
OCEAN (သမုဒ္ဒရာပိုင်တဲ့လခြမ်းငယ်) (Complete)