အပိုင်း ၄၄

9.6K 446 1
                                    


သစ်ရွက်ကြားကဖြာကျနေတဲ့ အလင်းစက်လေးတွေက မြေပြင်ပေါ်ပျောက်တိပျောက်ကျား။လေတိုက်လို့ရွေ့သွားတိုင်း အလင်းစက်တွေပါနေရာရွေ့ကုန်သည်။တကယ်တော့အရိပ်ဆိုတာ လေပြေတွေကြောင့်နေရာရွေ့ရတာပါပဲ။

စပျစ်သီးတွေကိုယ်တိုင်ခူးလို့အိမ်ဘက်ပြန်လှည့်လိုက်သည်။ဗိုက်ကလေးနိုးလာလို့သူမရှိရင် စိတ်ဆိုးပြီးဝမ်းနည်းနေအုံးမည်။ကိုယ်ဝန်ကြောင့်စိတ်အတက်အကျမြန်နေတာမို့ လေထုကလည်းမတည်ငြိမ်။

အသီးတွေရေဆေးကာအခန်းထဲဝင်တဲ့အထိ။ဗိုက်ကလေးကမနိုးသေး။ခါတိုင်းဒီအချိန်နိုးနေကျမို့ နှိုးမည်ပြင်သော်လည်း အိပ်ရေးမဝမှာစိုး၍မနှိုးဖြစ်။တော်ကြာစိတ်ဆိုးလို့ငိုနေမှာလည်းဆိုးရသည်။

အောက်ထပ်ပြန်ဆင်းကာ မနက်စာတွေဗန်းထဲထည့်သည်။နိုးလာတာနှင့်အပေါ်ထပ်မှာပဲ မနက်စာစားတော့မည်။

လှေကားတက်မည်ပြင်တော့ Oneကအလောတကြီးရောက်လာလေသည်။မျက်နှာအမူအယာကမျက်နှာသေနဲ့ပေမယ့် အိမ်ထဲထိရောက်လာပုံထောက်ရင်တစ်ခုခုအရေးကြီးလောက်မည်။

"ဘာကိစ္စလဲ One"

အမေးစကားကိုပြန်မဖြေခင် ဘေးဘီဝဲယာကိုအရင်ကြည့်လေသည်။ပြီးမှနားနားကပ်ကာတိုးတိုးပြောလာတာက

"မုတ်သုံလေညှင်း ဆုံးသွားပြီ"

"ခွမ်းးးး"

စကားအဆုံးလက်ထဲကဗန်းကကြမ်းပြင်ထက် မှောက်ယက်။ပေပွကုန်တဲ့ကြမ်းပြင်ကိုမရှင်းအားသေး အပေါ်ထပ်အိပ်ခန်းဆီအပြေးအလွှားတက်သည်။သူ့စိတ်ထဲမှာနမိတ်မကောင်းမှုတွေ ကြိုရနေသည်။

အခန်းထဲပြေးဝင်ပြီး ​အိပ်နေတဲ့ကလေးကိုအသာအယာလှုပ်နှိုးမိသည်။

"ငယ်ငယ် ကလေးလေး ထတော့နေမြင့်နေပြီ"

လှုပ်ရှားမှုတွေကင်းမဲ့ပြီး မျက်တောင်လေးတောင်လှုပ်ခတ်မသွား။

"ငယ်ငယ် လိမ္မာတယ်လေ အိပ်ယာထတော့ အရမ်းအိပ်နေရင်ငယ့်ဗိုက်ထဲက ကလေးလေးအတွက်မကောင်းဘူးလေ"

အသက်ပုံမှန်ရှူနေရုံမှလွဲ တုန့်ပြန်မှုတွေမရှိလာ။သူ့စိတ်ထဲတဖြည်းဖြည်းစိုးရိမ်မှုတွေမြင့်တက်လာသည်။

OCEAN (သမုဒ္ဒရာပိုင်တဲ့လခြမ်းငယ်) (Complete)Where stories live. Discover now