"အင့် ခဏဖယ်အုံးလို့""မောင်လို့ခေါ်"
"မိုးကုတ်စက်ဝိုင်း"
"ကိုခိုကခေါင်းမာလိုက်တာ ပြွတ်စ်"
လူပေါ်ကနေဖယ်မပေးဘဲ အဝတ်မကပ်တဲ့ရင်ဘတ်တွေကိုငုံ့နမ်းသည်။
ဘယ်ကနေဘယ်လိုဒီအခြေနေကိုရောက်သွားသည်မသိခဲ့။လခြမ်းဆီသွားလည်ခါနီး ချက်ချင်းကိုHeatဝင်လာတာမို့ အိပ်ခန်းဆီတောင်မတက်တော့ဘဲ သူဆွဲခေါ်ရာပါလာမိတာ။မျက်မှန်လည်းဆွဲချွတ်ယူသွားတာမို့ ပွေ့ခေါ်ရာသာအလိုက်သင့်။အောက်ထပ်ကအိပ်ခန်းပိုထဲထိပွေ့ခေါ်လာကာ အိပ်ယာထက်ချပေးပြီးမွတ်မွတ်သိပ်သိပ်နမ်းလာတော့တာ။
သူနှင့်ပထမဆုံးအကြိမ်ဖြတ်သန်းပြီးကတည်းက ဆေးတွေမတိုးတော့တာမို့ အမြဲ သူ့ဆီကအမှတ်အသားတောင်းရသည်သာ။ကိစ္စတွေက ပထမအကြိမ်ရှိလျှင်ဒုတိယအကြိမ် တတိယအကြိမ်တွေဆိုတာကပ်ပါလာမြဲ။
ဆေးတွေရဲ့ side effectကြောင့် ထိန်းချုပ်ဆေးတွေမတိုးတော့သလို Heat circle လည်းမမှန်တော့။ထို့ကြောင့် သူ့အနားကနေသိပ်မခွာသွားရဲ။ဘယ်အချိန်Heatဝင်မလဲကြိုမှမသိနိုင်ဘဲလေ။
သူ့ဖယ်ရိုမုန်းတွေနှင့်ကိုက်ညီမှုမြင့်သလို သူနဲ့ဆိုရင်သက်သောင့်သက်သာလည်းရှိတာမို့ အနေသိပ်မကျဥ်းကြပ်တော့။အရင်ပြောခဲ့တဲ့ သုံးလကိစ္စကိုတော့သူ့ဘက်ကစကားစမလာသလို ကိုယ့်ဘက်ကလည်းမသိချင်ယောင်ဆောင်ထားမိသည်။အခြေနေတွေက ကိုယ့်ဘက်မှမပါဘဲ။အသက်တစ်ခုရှင်သန်ဖို့ဆိုတာအဲ့လောက်မှမလွယ်ဘဲ။
ဟိုဘက် (ဇနီးဘက်)က အကြောင်းတွေကိုမမေးမြန်းမိသလို ဟိုဘက်ကလည်းမဆက်သွယ်လာ။ဟုတ်မှာပါလေ ကိုယ်ဆိုတာသူခုနင်းဖို့အသုံးချခံပစ္စည်းတစ်ခုသာသာပဲဟာ။
"ဘာတွေတွေးနေတာလည်းကိုခို မောင်နဲ့ရှိနေရင်အတွေးတွေမလွင့်စမ်းနဲ့ တွေးဖို့အချိန်တွေမရအောင်အထိ မောင်ကြမ်းမိသွားလိမ့်မယ်"
သူ့အသံကြားရချိန် ခန္ဓာကိုယ်ထက်ကအဝတ်တွေကင်းမဲ့ပြီးသွားပြီ။နှစ်ယောက်လုံးအပေါ်စောင်ကိုလွှားထားတာမို့ သိပ်တော့ရှက်စရာမကောင်းခဲ့။လေထဲပြန့်လွင့်နေတဲ့ရနံ့တွေက အချင်းချင်းကြည့်စားနေသယောင်။
YOU ARE READING
OCEAN (သမုဒ္ဒရာပိုင်တဲ့လခြမ်းငယ်) (Complete)