အပိုင်း ၂၈

13K 576 10
                                    


"ဘာလာလုပ်တာလဲ"

အေးစက်စက်စကားကို မျက်မှောင်ကျုံ့လို့ဆိုလာသူက သူ့ကိုမကြိုဆိုဟန်။ရင်ထဲမျက်ကနဲဖြစ်သွားခြင်းဟာဝမ်းနည်းခြင်းတွေခံသွားလို့နေမှာ။

"မဂ်လာပွဲကို မတက်ဘူးလား "

"အဲ့တာငါ့သဘော"

"လေးရက်ပဲလိုတော့တာလေ ခရီးထွက်အုံးမလို့လား"

"ကျစ်...ငါနဲ့ရင်းနှီးနေသလိုလာမလုပ်ပါနဲ့လား"

"မရင်းနှီးခဲ့ကြလို့လား"

"သေဆုံးသွားခဲ့ပြီးသားရင်းနှီးမှုတွေကို ဘာနဲ့အသက်သွင်းချင်နေတာလဲ"

"ကိုယ်မမှားခဲ့ဘူးလေဥယျာဉ်မှူးလေးရယ် ဖြစ်ကိုဖြစ်လာမဲ့အခြေအနေမှာကိုယ်ပါဝင်ခဲ့ရုံလေးတင် ငွေ့လည်းသိပြီးသားဖြစ်မှာပါ ကိုယ်မရှိရင်တောင် ကိုCeanအခြေနေနဲ့ဆို ဘာမဆိုဖြစ်လာအောင်စွမ်းဆောင်နိုင်ပြီးသား အစ်ကိုဖြစ်သူကိုကူညီရုံကလွဲရင် တခြားရည်ရွယ်ချက်တွေကင်းခဲ့ပါတယ်"

"အဲ့တာနဲ့ပဲငါကအရာအားလုံးကိုပြည်ဖုံးကားချရမယ်ပေါ့ စိတ်မချရတဲ့လူလက်ထဲကို မျက်စိမှိတ်အပ်ပြီး .."

"စိတ်ချလို့ရပါတယ်ငွေ့ အစ်ကိုဖြစ်သူမို့ကာတာမဟုတ်ပါဘူး လခြမ်းထွက်သွားကတည်းကကိုCeanပြောင်းလဲနေခဲ့တာမျက်မြင်မို့ပါ သူတကယ်မြတ်နိုးတာပါ"

"ပြောစမ်းပါအုံး အကြောင်းပြချက်မရှိ မုန်းတီးနေပြီးမှအခုမြတ်နိုးလို့ပါဆိုပြီးအပိုင်လိုချင်နေရအောင် ကောင်းသောတွေ့ဆုံခြင်းတွေဘယ်တုန်းကရှိခဲ့ဖူးလို့လဲ"

"ကိုCeanကမသိခဲ့တာပါ ဟိုးအရင်ကတည်းကစိတ်ထဲမှာရှိနေခဲ့တာကိုမာနတွေကြောင့်လွဲနေခဲ့တာ အခုအဲ့မာနတွေထက်ပိုတဲ့ချစ်ခြင်းတရားကြောင့် သူ့စိတ်ကိုသူလက်ခံခဲ့တာ"

"ယုံရမယ်ပေါ့"

"ယုံမှရမယ် ငွေ့စိတ်ကလေးအေးချမ်းနေဖို့ ယုံကြည်ပေးရမယ်"

"ဟာသပဲ ပြောကြည့်ပါအုံးသူဘာတွေများပြောင်းလဲခဲ့လို့လဲ အမုန်းကနေအချစ်ကိုပြောင်းသွားတယ်ဆိုတဲ့စကားကလွဲရင် အခုလည်းအရင်လိုအနိုင်ယူနေတာပဲမလား အရင်တုန်းကသူစိမ်းအနေနဲ့ အခုတော့သူ့လက်ထဲမှာစိတ်ကြိုက်ချယ်လှယ်လို့ရတဲ့ရုပ်သေးအနေနဲ့ အခုတရားဝင်အနေနဲ့ဆိုတော့ဘယ်သူမှဝင်စွက်ဖက်ခွင့်မရှိတော့တာပေါ့"

OCEAN (သမုဒ္ဒရာပိုင်တဲ့လခြမ်းငယ်) (Complete)Where stories live. Discover now