"မုတ်သုံ"သူအံ့ဩတကြီးဆိုလိုက်လျှင် ရှေ့မှအမျိုးသားက ဟန်လုပ်ရယ်လေသည်။
"ရော်ခက်ပါပြီ မုတ်သုံမဟုတ်မှန်းသိနေတာကို ဘာလို့အဲ့နံမည်ကိုခေါ်နေတာလဲ"
"ခင်ဗျားကဘယ်သူလဲ"
"အို့....ဝါးရုံငယ်လေးကငါ့ကိုမမှတ်မိဘူးလား စိတ်မကောင်းတော့ဘူးနော် ငါကအရမ်းတွေကြိုးစားပေးခဲ့တာကို"
ပြောရင်းကြမ်းပြင်ပေါ်တုတ်အားထောက်ချကာ လက်တစ်ဖက်နှင့်မျက်နှာအားပင့်မော့လာလေသည်။ပြီးမှမထီတရီပြုံးကာ ကျစ်သပ်ပြီးခေါင်းရမ်းလိုက်လေသည်။
"ငါဖန်တီးခဲ့တဲ့စာအုပ်ထဲရောက်လာပြီး ဖန်တီးခဲ့တဲ့ငါ့ကိုမသိတာ စော်ကားသလိုခံစားရတယ်"
"ဗေဒင်ဆရာ"
အံ့ဩစွာတိုးတိုးရွတ်တော့ခေါင်းရမ်းပြလာလေသည်။
"No..No..No အဲ့အဆင့်တွေနဲ့ငါ့ကိုလာမနှိုင်းစမ်းနဲ့ မတတ်သာလို့ဟန်ဆောင်ခဲ့ရုံပဲ ငါသာအလိုရှိရင်အားလုံးရဲ့ကံကြမ္မာကိုဖန်တီးယူလို့ရတယ်"
"ဘာလို့ငယ်ငယ်လဲ"
ပထမဦးစွာပေါ်လာတဲ့မေးခွန်းက ဘာလို့သူဖြစ်နေရတာလဲ။အေးချမ်းနေတဲ့သူ့ဘဝလေးကို ဂျွမ်းထိုးမှောက်ခုံဖြစ်အောင်ဘာအတွက်လုပ်ချင်ရတာလဲ။
"မင်းမှဖြစ်မှာမို့လို့လေ တုံးအလွန်းတဲ့မင်းမှဖြစ်မှာမို့လို့ ဒါပေမယ့်ဟိုလူ့ကိုလျှော့တွက်မိသွားတာပဲ"
"ဘာလို့ခုလိုလုပ်ရတာလဲ"
တစစ်စစ်ဖြစ်နေတဲ့ဗိုက်ကိုစိုးရိမ်နေပေမယ့် မျက်နှာမှာမဖော်ပြရဲဘဲ မေးခွန်းတွေသာဆက်တိုက်မေးမိသည်။လူဆိုးတွေကအနာပေါ်ဆားဖြူးရတာကြိုက်တယ်လို့ငယ်ငယ်ကြားဖူးတယ်။
"မင်းကငါ့စကားနားထောင်လို့လား ငါပြောခဲ့ပြီးပြီလေ မင်းမှာချစ်ခွင့်မရှိဘူးလို့ မင်းကတော့သူ့အတွက်ကလေးပါမွေးပေးချင်သေးတယ်ပေါ့"
"လူတိုင်းမှာချစ်ခွင့်ရှိတယ် ငယ်ငယ်လည်းသူ့ကိုချစ်ခွင့်ရှိတယ်"
"အို့ ဘယ်လိုလုပ်မလဲ အဲ့အချစ်ကြောင့်အခုသေရတော့မယ် မင်းသေရတာသူ့ကိုချစ်မိလို့ မင်းချစ်မိတဲ့သူကြောင့်မင်းသေရတာ"
YOU ARE READING
OCEAN (သမုဒ္ဒရာပိုင်တဲ့လခြမ်းငယ်) (Complete)