အပိုင်း ၅၀

10.8K 479 2
                                    


"သတင်းထူးတယ်အစ်ကိုလေး"

ဖုန်းဆက်လာတဲ့သက်တော်စောင့်တွေကြောင့် အိပ်နေရာမှကုန်းရုန်းထကာ ဝရံတာဘက်ထွက်ခဲ့လိုက်သည်။ကိုခိုကအအိပ်ဆတ်တာမို့နိုးမသွားစေချင်။ညကလည်းနည်းနည်းပန်းသွားတာမို့ မထစေချင်သေး။ခုမှမနက်နှစ်နာရီပဲရှိသေးတာ။

ဒီအချိန်ကြီးဖုန်းဆက်လာတယ်ဆိုကတည်းက အရေးကြီးလို့ပဲနေမှာ။

"ဘာထူးတာလဲ"

"အသေးစိတ်သိရအောင် ကျွန်တော်တို့အသံဖိုင်ပို့လိုက်ပါ့မယ် အခုတစ်လောသူ့ဘက်ကခြေငြိမ်နေတာကအစ်ကိုလေးကိုကြောက်လို့နေမှာ မနေ့ညကCနိုင်ငံကိုသွားပြီးသူ့ချစ်သူဟောင်းကိုသွားတွေ့တယ် အဲ့လူမှာငါးနှစ်အရွယ်သားတစ်ယောက်ရှိတယ်အဲ့သားကကလေးချင်းလဲထားတာတဲ့ သူ့ကလေးကဆုံးသွားတာလို့ပြောတယ် ထူးဆန်းတာကအစ်ကိုလေးအကြောင်းပါလာတာပဲ အဲ့ကလေးကအစ်ကိုလေးသားဆိုပြီးပြောနေတယ်"

"ဘာ"

နဂိုအိပ်ချင်မူးတူးပျင်းရိနေဟန်မျက်နှာကချက်ချင်းစိတ်လှုပ်ရှားမှုအဖြစ်ပြောင်းသွားရသည်။တိုက်ခတ်လာတဲ့ဆောင်းလေအေးတွေတောင်သူ့အသံလောက်မအေးစက်။

"ဟုတ်တယ် အရင်တစ်ခါကျွန်တော်တို့စုံစမ်းခဲ့တဲ့အဲ့လူက ကလေးမရနိုင်လို့ရည်းစားနဲ့ရတဲ့ကလေးအရင်းကိုမွေးစားချင်ယောင်ဆောင်ထားတာ အခုထပ်မွေးတဲ့ကလေးကသူ့သားအရင်းဆိုတော့ အရင်ကလေးကိုတစ်ခုခုလုပ်ဖို့ကြံနေတယ်"

"မင်း သူတို့လက်ထဲကအဲ့ကလေးကိုရအောင်ခေါ်ထား ငါအခုချက်ချင်းလာခဲ့မှာမလို့ ဘာအမှားအယွင်းမှမရှိစေနဲ့"

"ဟုတ်ကဲ့"

သူအခန်းထဲအမြန်ဝင်ကာအဝတ်စားလဲပြီး လိုအပ်တာမှန်သမျှယူလိုက်သည်။သူ့လှုပ်ရှားသံကမညင်သာတာမို့အိပ်ယာထက်ကလူကနိုးလာလေသည်။ဝတ်စုံပြည့်ပြောင်းဝတ်ထားတဲ့သူ့ကိုမြင်ပြီး ထထိုင်ပြီးမေးလာတာကအိပ်ချင်မူးတူး။

"မောင်... ဘယ်သွားမလို့လဲ"

သူကုတင်ပေါ်ကလူရှိရာအပြေးသွားကာအားနှင့်ပွေ့ဖက်ပစ်လိုက်သည်။သူ့အထင်မှန်နေခဲ့ရင် သူတို့မှာကိုယ်ပိုင်မိသားစုလေးရှိလာတော့မှာ။ကိုခိုကိုယ်တိုင်သူ့ကိုလက်ခံလာမယ့်မိသားစုလေး။

OCEAN (သမုဒ္ဒရာပိုင်တဲ့လခြမ်းငယ်) (Complete)Where stories live. Discover now