Geo Sပြည်နယ်ကိုရောက်တာ လေးရက်ရှိပြီ။စိုက်ခင်းတွေအကြောင်းသဲလွန်စရပြီဖြစ်သော်လည်း သူဝင်မပါချင်သေး။သူတို့စည်းမျဥ်းတွေနှင့်ကိုက်ညီနေသ၍ ကိုယ်ကသွားမရှူပ်ချင်။နောက်တစ်ချက်ထိုစိုက်ခင်းတွေရဲ့ပိုင်ရှင်က တစ်စုံတစ်ယာက်ရဲ့နံမည်နှင့်ဆင်တူနေသာကြောင့်။သူကိုယ်တိုင်ပဲလားနံမည်တူလားမသေချာသော်ငြား ထိုနံမည်ကနှစ်ယောက်မရှိသည်မှာ သေချာပါသည်။
ရောက်စကတည်းက သူပိုင်သည့်ပျိုးဥယာဥ်တွေဘက်လျှောက်ကြည့်ဖြစ်သော်လည်း သူ့ကိုတော့မတွေ့။ပြည်နယ်တစ်ခုလုံးပျိုးဥယာဥ်ပေါင်းများစွာပိုင်ဆိုင်ပြီး ဟော်တည်နှင့် ခရီးသွားလုပ်ငန်းတွေကလည်းမနည်း။နောက်ကွယ်ကစိုက်ခင်းတွေကလည်း ပမာဏတစ်ခုအထိ ကျယ်ပြန့်နေသေးသည်။
ဒီနေ့သူပိုင်သည့်ပျိုးဥယာဥ်တစ်ခုဆီထပ်သွားဖို့ပြင်ထားသည်။မတွေ့ရမချင်းသူမပြန်ချင်ဘူး။မြို့ပြင်ဥယာဥ်ဆီရောက်တော့ အလုပ်သမားလေးတွေကဆီးကြိုသည်။သူကတော့ ပန်းပင်တွေကြားသူ့ကိုရှာဖို့သာ ကြိုးစားမိသည်။
"ဒီဘက်ကစံပယ်ပင်တွေက"
"ရောင်းဖို့မဟုတ်ဘူးအစ်ကို ဒါကကိုငွေ့ကသူ့သူငယ်ချင်းအတွက်ကိုယ်တိုင်စိုက်ထားတာ အစ်ကိုကြည့်ချင်ရင်ဟိုဘက်မှာပြပေးလို့ရတယ်ဗျ"
တယုတယစိုက်ပျိုးထားတဲ့ စံပယ်ပင်တွေက လှလှပပ။ပန်းပွင့်သည့်ရာသီမဟုတ်၍အပွင့်တွေတော့သိပ်မရှိ။မြတ်နိုးခံထားရတဲ့စံပယ်ခြံလေးကိုမြင်တော့ စံပယ်ပန်းသိပ်မုန်းတဲ့ အစ်ကိုဖြစ်သူကိုသတိရမိသွားသည်။အစ်ကိုဖြစ်သူကြောင့် မည်သူ့ခြံထဲမှာမှထိုပန်းကိုမစိုက်ဖြစ်ခဲ့။
"မကြည့်တော့ဘူးညီလေး အစ်ကိုကထင်ရှူးပင်ပေါက်လေးတွေလိုချင်လို့"
"ခြံထဲမှာရှိတယ်အစ်ကို လာဒီဘက်"
ဦးဆောင်ကာခေါ်သွားသူနောက် တိတ်တဆိတ်သာလိုက်သွားဖြစ်သည်။တကယ်တော့သူလိုချင်တာအပင်တွေမဟုတ်။တစ်စုံတစ်ယောက်ကိုတွေ့ရမလားဆိုသည့်မျှော်လင့်ချက်နှင့်သာ။ရေစက်တွေမပါရင် တမင်တကာရှာရင်တောင်မတွေ့တတ်တာမျိုး။ဘဝကကိုးရီးယားကားဆန်ပါသည်။
YOU ARE READING
OCEAN (သမုဒ္ဒရာပိုင်တဲ့လခြမ်းငယ်) (Complete)