အပိုင်း ၄၉

10.5K 480 2
                                    


"လခြမ်းလေးငါ့ကိုကူညီမယ်မလားဟင်"

"ဘာဖြစ်လို့လဲနောင်းညိုရဲ့"

"လုပ်ပါကူညီပါ"

"ဘာဖြစ်လို့လဲဆိုတာအရင်ပြောပြလေ"

ကုတင်ပေါ်ကငယ်ငယ့်လက်တွေကိုဆုပ်ကိုင်ပြီး ကလေးတွေလိုဂျီတိုက်နေတဲ့နောင်းညိုက အကြည့်တွေလွှဲသွားလေသည်။

"ငါအဲ့လူကြီးကိုရှောင်ချင်လို့"

"အယ်....ကိုကျောက်စက်ကိုစိတ်ကောက်နေတာလား"

အံ့ဩသလိုအမေးစကားဆိုတော့ ပြန်ဖြေတဲ့စကားတွေက စုချွန်နေတဲ့နှုတ်ခမ်းကထွက်လာတာ။

"ဘာကိုကောက်ရမှာလဲ"

"စိတ်မကောက်ရင်ဘာလို့ရှောင်မှာလဲ"

"မတွေ့ချင်လို့ပေါ့"

ပြောရင်း အနားမရှိတဲ့တရားခံကိုရည်ရွယ်ပြီးမျက်စောင်းပါထိုးလိုက်သေးတာမို့ ငယ်ငယ်ရယ်ချင်စိတ်ကိုထိန်းဖို့ ဗိုက်လေးကိုသာအသာပွတ်မိသည်။

"အဲ့တာဆိုဘာလို့ခိုးပြေးတာတုန်း"

"ဘယ်သူကခိုးပြေးတာတုန်း"

"အာ..မှားလို့ သူကခိုးပြေးတာကိုနောင်းညိုကလိုက်သွားတာလေ"

"ပေါက်ပေါက်ရှာရှာ သူကအတင်းခိုးပြေးတာ"

"အဲ့တာဆို ပြန်ပေးဆွဲတာလား"

"အဲ့လိုလဲမဟုတ်ဘူး ငါ့သဘောနဲ့ငါလိုက်သွားတာ"

"အဲ့တာခိုးပြေးတာပေါ့"

"ဘယ်ကသာသူမလိမ့်တပတ်လုပ်သွားတာ"

"နောင်းညိုသူ့ကိုမကြိုက်ရင် အဆက်အသွယ်ဖြတ်ပစ်လိုက် ငယ်ငယ်ဦးလေးတို့ကိုပြောပေးမယ်လေ"

"လွန်ကုန်ပြီလခြမ်းရဲ့ တစ်မြို့လုံးနီးပါးသိပြီးသွားပြီ"

"သိလည်းဘာဖြစ်လဲ နောင်းညိုမကြိုက်ရင်မယူနဲ့လေ"

"လခြမ်းလည်းကိုသမု​ဒ္ဒရာကိုမကြိုက်ဘဲယူထားတာပဲလေ"

"ကိုကိုကငယ့်ကိုအများကြီးချစ်ပေးတယ်လေ ငယ်ငယ်လည်းအခုကြိုက်သွားပြီ"

ငယ်ငယ့်စကားကိုကြားတော့ ဂုတ်ပိုးထက်လက်နှင့်ပွတ်ပြီးမလုံမလဲပြောလာတာက အသံတိုးတိုးလေး။

OCEAN (သမုဒ္ဒရာပိုင်တဲ့လခြမ်းငယ်) (Complete)Where stories live. Discover now