ရာသီဥတုလေးကသာယာသည်။နေရောင်ခြည်နွေးနွေးလေးရှိသလို လိပ်ပြာလေးမွှေးဖို့ ပန်းဖွေးဖွေးလေးတွေလည်းရှိသည်။မိုးရေဆမ်းလို့လန်းဆန်းနေတဲ့သစ်ရွက်စိမ်းလေးတွေကိုကြည်စားဖို့ လေပြည်အေးအေးလေးတွေလည်းရှိသည်။လခြမ်းရှိနေတဲ့အခန်းလေးထဲမှာတော့ လခြမ်းနှင့်သက်ဆိုင်သူအားလုံးအပြုံးမျက်နှာတွေနှင့်။
ညကရုတ်တရတ်ကြီးဖုန်းဆက်လာသည်။လခြမ်းသတိရလာပါပြီတဲ့။မိုးသည်းနေတဲ့ညတွင်းချင်းကြီး အားလုံးစုပြုံရောက်လာပြီး အခန်းထဲမဝင်မိကြဘဲ အပြင်မှသာကြည့်ကာ ပီတိမျက်ရည်ဖြာကုန်သည်။
ဒီအတောအတွင်း သမုဒ္ဒရာကိုကြည့်ကာဘယ်သူမှစိတ်မကောင်းကြ။လခြမ်းကိုစိတ်ပူသလို ပြိုလဲမတတ်ဖြစ်နေတဲ့သူကိုလည်း သူတို့စိတ်ပူရသည်။ယခုတော့အားလုံးငြိမ်းချမ်းပြီ။
မုန်တိုင်းတွေကင်းသွားပြီမို့ လေပြည်တွေလာဖို့သင့်ပြီ။
"ဘယ်လိုနေသေးလဲ"
"အဆင်ပြေပါတယ် တစ်ခုပဲ... နိုးလာလာချင်းဗိုက်ကြီးကလုံးဝိုင်းနေတော့ တစ်မျိုးကြီးပဲ ဟီးဟီး"
သူ့အပြောသူသဘောကျစွာရယ်ရင်း ဗိုက်ကလေးကိုလည်းပွတ်သပ်နေသေးသည်။
လူစုံနေပေမယ့် အဖြစ်သည်းလွန်းသူကလူကိုယ်တိုင်ကုတင်ပေါ်တက်ကာ လခြမ်းနောက်မှာကျောက်မှီလိုဝင်ထိုင်ပေးနေတာ။ခန္ဓာကိုယ်လေးကို ခြေထောက်တွေကြားထည့်ထားပြီး လခြမ်းနောက်ကျောကိုသူ့ရင်ဘတ်တွေဖြင့်ကပ်ခါ ဝမ်းဗိုက်အောက်ကနေခါးလေးကိုသိုင်းဖက်ထားလေသည်။
ပြီးခဲ့တဲ့အတောအတွင်း သူခံစားရတာကိုမြင်ထားရသူတွေအဖို့ အားလုံးကမစနောက်ရက်။သူ့မှာမျက်စိအောက်ကပျောက်သွားမှာစိုးသလို အရိပ်တကြည့်ကြည့်နှင့်။
"ကိုဝိုင်း"
"ဟင်"
သိပ်မကြောက်တော့တဲ့နောက်ပိုင်း Horizonကို ကိုဝိုင်းလို့သာခေါ်လေသည်။
"ငယ်ငယ့်ကလေးလေးက တကယ်အဆင်ပြေရဲ့လားဟင်"
သူComaဝင်နေတဲ့နှစ်လအတွင်း အစာအာဟာရအတွက်ဆေးတစ်မျိုးတည်းသာမို့ ကလေးလေးကိုစိတ်ပူနေတာ။သူတို့ထဲမှာအသက်အငယ်ဆုံးဆိုပေမယ့် အားလုံးထက်ပိုပြီးဖခင်မေတ္တာပြည့်ဝနေတဲ့သူမို့ ချီးကျူးမိတာအမှန်။
YOU ARE READING
OCEAN (သမုဒ္ဒရာပိုင်တဲ့လခြမ်းငယ်) (Complete)