အပိုင်း ၈

11.6K 612 16
                                    


"Geo ဘာဖြစ်နေတာလဲ"

"ဘာမှမဖြစ်ပါဘူး"

"မျက်နှာက သုန်မှုန်နေတာပဲ"

Geoလှဲနေတဲ့ ဆိုဖာခြေရင်းဝင်ထိုင်လိုက်ပြီး ခြေသလုံးကိုလက်သီးဖြင့်ဖွဖွထိုးလိုက်သည်။

"ရည်းစားပူမိနေတာ"

"အံမယ် ရည်းစားရနေပြီပေါ့"

Horizon ကမျက်ခုံးပင့်လိုက်သလို မျက်နှာချင်းဆိုင်ဆိုဖာကOceanကပါကြည့်လာလေသည်။

"မရသေးပါဘူး သူ့မှာပိုင်ရှင်ရှိတယ်"

"မင်းဟာကလည်းကွာမစခင်ဆုံးနေပြီ ပိုင်ရှင်ရှိနေရင်အသစ်ရှာလိုက် မင်းရုပ်ရည်မင်းအခြေနေနဲ့ဆိုရင်ကြိုက်တဲ့သူကောက်တွဲလိုက်ရုံပဲ သူများသုံးပြီးသားကိုဘာလုပ်မလို့လဲ"

သူလှဲနေရာကနေထထိုင်လိုက်သည်။ပြီးမှဆိုဖာထက်ကျောမှီလိုက်ရင်း

"ချစ်မိရင် သူများသုံးပြီးသားတွေဘာတွေဆိုတာအသုံးမဝင်တော့ဘူး ရိုးရိုးလေးပဲလေ ချစ်မိသွားတယ် သူ့ခန္ဓာကိုယ်ကိုတပ်မက်တာမဟုတ်သလို သူ့စိတ်ထားကလည်းအရေးမပါတော့ဘူး သူဖြစ်နေလို့ချစ်တယ် ဒါပဲ အချစ်ကရိုးရှင်းပါတယ် မရိုးရှင်းတာကလူတွေရဲ့စိတ်ပဲ သူကဘာဖြစ်နေလို့ညာဖြစ်နေလို့ဆိုတဲ့အကြောင်းပြချက်တွေနဲ့ ရန်သူမို့လို့၊သူငယ်ချင်းမို့လို့ဆိုတာတွေပဲ "

"အချစ်အကြောင်း အရမ်းတွေနားလည်နေတာပဲ"

"နားလည်တယ်ဆိုတာထက် အချစ်ကိုကျွန်တော့်အမြင်နဲ့အဓိပ္ပါယ်ဖွင့်ဆိုပုံပါပဲ လူတိုင်းတော့ဘယ်တူမလဲ သဘောထားချင်းတူညီနေကြရင် ပဋိပက္ခဆိုတာရှိလာမှာမှမဟုတ်ဘဲ တစ်ခါတစ်လေတော့လည်းစဥ်းစားမိတယ် ကျွန်တော်တို့ကနတ်ဘုရားတွေဖန်တီးထားတဲ့ ရုပ်ရှင်သရုပ်ဆောင်တွေလိုပဲလို့ သူတို့ပုံဖော်တဲ့အတိုင်းကျရာနေရာသရုပ်ဆောင်နေကြရတာလေ"

"အရမ်းတွေဒဿနဆန်မနေပါနဲ့ လူငယ်ပဲရှိသေးတာပေါ့ပေါ့ပါးပါးလေးပဲနေပါ ကြိုက်တော့လည်းလိုက်ပေါ့ကွာ မရတော့လည်းထိုင်ငေးနေပေါ့ အချိန်တန်ရင်အဖြေတစ်ခုတော့ထွက်လာမှာပေါ့"

OCEAN (သမုဒ္ဒရာပိုင်တဲ့လခြမ်းငယ်) (Complete)Where stories live. Discover now