အပိုင်း ၄၆

9.6K 484 0
                                    


"ဒီသတင်းကဘယ်လိုဖြစ်တာလဲ"

ဖုန်းကိုလူရှေ့တိုးပေးရင်း အံကြိတ်ကာမေးလာတာမို့ ကိုယ်နှင့်မဆိုင်သလိုသာတစ်ချက်ကြည့်လိုက်သည်။ပြီးမှပုခုံးတွန့်ပြကာ

"ကိုခိုမြင်တဲ့အတိုင်းပဲလေ"

"မင်းလက်ချက်မလား"

ဖုန်းကိုကုတင်ထက်ပစ်ပေါက်ပြီး မျက်ဝန်းနီတွေနဲ့မေးလာတာမို့ တပ်လက်စလက်ကြယ်သီးကိုလက်စသတ်ကာသူဖြေရှင်းရသည်။

" ကိုခို့ဇနီးဟောင်းရဲ့သတင်းစာရှင်းလင်းပွဲက ကျွန်တော်နဲ့ဘယ်လိုပတ်သပ်နေလို့လဲ"

"ဘာလို့မပတ်သပ်ရမှာလဲ ငါးနှစ်ကျော်ခြောက်နှစ်လုံးမရမကဆွဲထားတဲ့သူက အခုကွာရှင်းခွင့်တောင်းနေပြီးတော့ ကလေးကတစ်ခြားတစ်ယောက်နဲ့ရတာပါဆိုပြီးတောင် ပွင့်ပွင့်လင်းလင်းထုတ်ပြောလာတာလေ သူကရူးနေလို့အဲ့လိုလုပ်မှာလား"

"သူ့ကိုသွားမေးရမှာမဟုတ်ဘူးလား သူ့စိတ်ကိုကိုယ်ကနားလည်ပေးနေရအုံးမှာလား"

"မင်းကြောင့်မဟုတ်ဘူးဆိုတာမဖြစ်နိုင်လို့လေ ပထမဆုံးအနေနဲ့ငါ့ကိုခြိမ်းခြောက်ပြီးအတူနေခိုင်းတယ် အခုကျတော့ငါ့ဇနီးဘက်ကကွာရှင်းခွင့်တောင်းလာတယ် ရိုးရိုးတောင်မဟုတ်ဘူး ကိုယ်ကOmegaဖြစ်ကြောင်းအပါအဝင် သူ့ဘက်ကိုပဲအပြစ်တွေအကုန်ဆွဲယူသွားတာ အခုချိန်ကိုယ့်ကိုလူတိုင်းစာနာတဲ့အခြေနေကြီးနဲ့လေ ဘယ်လိုလူမျိုးကများကိုယ့်မကောင်းမှုတွေလူသိရှင်ကြားထုတ်ပြောမှာတဲ့လဲ"

"သူပြောသွားတာအမှန်တရားတွေချည်းပဲလေ"

"အဲ့တာကြောင့်ပြောနေတာပေါ့ တစ်လျှောက်လုံးအမှားတွေကိုသိမှန်းကျူးလွန်ခဲ့တဲ့သူက  အခုမှအမှန်တရားကိုထုတ်ပြောလာတာကိုက မင်းပယောဂကြောင့်ဆိုတာပိုသေချာနေတာလေ"

"ဘယ်မှာလဲသက်သေ"

"ဘာကိုသက်သေတောင်းနေတာလဲ အမှန်တရားကထင်ရှားနေတာပဲဟာ မင်းလိုလူကလွယ်လွယ်နဲ့လွှတ်ပေးမယ်ပြောကတည်းကငါမယုံခဲ့ရမှာ"

"​ခင်ဗျားကဘာတွေနစ်နာသွားလို့ကျုပ်ကိုဒေါသထွက်နေတာလဲ"

ထိန်းမထားနိုင်တဲ့ဒေါသတွေကြောင့်လေသံတွေလည်းမညင်သာတော့။

OCEAN (သမုဒ္ဒရာပိုင်တဲ့လခြမ်းငယ်) (Complete)Where stories live. Discover now