"ကိုCean ကိစ္စရှိလို့လား""မရှိရင် လာမလည်ရတော့ဘူးလား"
"မဟုတ်ပါဘူးဗျာ မလာစဖူးရောက်လာလို့"
"မင်းအလုပ်လုပ်တဲ့နေရာကို ရောက်ဖူးတယ်ရှိအောင်လာတာ"
"ဟုတ်ပါပြီဗျာ ကျွန်တော်လည်းအခုအားပြီ ထမင်းထွက်စားကြရအောင် ဟိုဘက်လမ်းကအသစ်ဖွင့်ထားတဲ့ဆိုင်တော်တော်ကောင်းတယ်ပြောတယ် ကျွန်တော့်ဆေးရုံကလူတွေဆို အဲ့မှာပဲသွားစားနေကျ"
"သွားကြမယ်လေ အငယ်ကောင်ကောဖုန်းဆက်ကြည့်လိုက်"
"သူ့ကိုခေါ်မနေနဲ့ သူသဘောကျတယ်ဆိုတဲ့တစ်ယောက်နောက်လိုက်နေတာ သိပ်သဘောကျပါတယ်ဆိုတဲ့ Codeတွေတောင်မေ့လို့"
"တအားတွေဖြစ်နေတာပဲ"
နှစ်ယောက်အတူသွားမှာမို့ သူ့ကားပေါ်သာနှစ်ယောက်လုံးတက်ဖြစ်လိုက်သည်။ဆိုင်က ဆေးရုံနှင့်သိပ်မဝေး။ဆိုင်ထဲဝင်တော့ Horizon ဆေးရုံကအဖွဲ့နှင့်တန်းတိုးတော့သည်။
"မင်းတို့ကောင်တွေ တအားကိုလွတ်လပ်နေတာပဲ"
"ဟာ စီနီယာ လာလာကျွန်တော်တို့နဲ့ပေါင်းထိုင်ပါ့လား "
"အွန်း ပေါင်းလိုက်မယ်လေ ကိုCean အဆင်ပြေတယ်မလား"
"ရတယ်"
စားပွဲနှစ်ခုဆက်ထားတာကြောင့် ဆယ်ယောက်ကျော်သောသူတို့အုပ်စုအတွက် မကျဉ်းကျပ်။လွတ်ရာနေရာဝင်ထိုင်တော့ ဘေးကတစ်ယောက်က မြို့တော်ရဲ့အလှပဂေးလေး။
"ကိုCean ဘာစားမလဲ"
"အဆင်ပြေတာမှာလိုက်"
အနည်းငယ်တိတ်ဆိတ်နေတဲ့ဝိုင်းက သူ့ကိုရှိန်နေတာဖြစ်မည်။ရင်းရင်းနှီးနှီးမနေတတ်သူမို့ အပိုစကားတွေလည်းမပြောချင်။သူ့မူပိုင် အေးစက်စက်မျက်နှာဖြင့် ရှူတည်တည်သာထိုင်နေလိုက်သည်။
"အားလုံးပဲအဆင်ပြေသလိုနေကြ ကိုCean ကအမြဲအဲ့လိုပဲ ကြောက်စရာမလိုဘူး"
"ကိုသမုဒ္ဒရာလိုလူကိုမှမကြောက်ရင် ဘယ်လိုလူကိုသွားကြောက်ရတော့မှာလဲ"
ဆရာဝန်တစ်ယောက်၏အရွှန်းဖောက်သောစကားကြောင့် အားလုံးရယ်သံတွေထွက်လာသည်။
YOU ARE READING
OCEAN (သမုဒ္ဒရာပိုင်တဲ့လခြမ်းငယ်) (Complete)