အပိုင်း ၄၂

10.5K 487 3
                                    


အိပ်ပျော်နေတုန်း လက်ဖမိုးကိုထိလာတဲ့နူးညံ့မှုလေးကြောင့်သူမျက်လုံးဖွင့်ကြည့်မိသည်။ဖြူဖြူဖွေးဖွေးလက်လေးက အပ်ပေါက်ရာလေးတွေနဲ့မို့ မကြည့်ရက်စရာ။အသိစိတ်အပြည့်အဝမရသေးခင်ထပ်မံလှုပ်ရှားလာတာမို့ သူဆတ်ခနဲမတ်တပ်ရပ်မိသည်။

"ငယ်... ငယ်သတိရလာပြီလား"

လက်လေးကိုဖွဖွဆုပ်ကိုင်ကာ ကိုယ်ကိုညွတ်လို့သူလေးမျက်နှာနားငုံ့မိုးမိသည်။ကျန်လက်တစ်ဖက်ကဦးခေါင်းလေးထက်ဖွဖွသပ်လို့ မျက်တောင်လေးတွေပွင့်ဟလာဖို့ သူစောင့်နေတာမျှော်လင့်တကြီး။

လိပ်ပြာတောင်ပံလေးလိုတဆတ်ဆတ်လှုပ်လာပြီး ခပ်ဖြည်းဖြည်းဖွင့်ဟမှုမှာအလင်းမစူးဖို့ သူ့မျက်နှာနှင့်ကာလိုက်မိသည်။မြတ်နိုးမိတဲ့မျက်ဝန်းနက်တွေကိုမြင်ရမှ ငိုချမိတော့တာသူ့ပုခုံးထက်။သူအဲ့မျက်ဝန်းလေးတွေကိုပြန်မတွေ့ရမှာသေလောက်အောင်ကြောက်နေမိတာ။

"ကို.."

မပီသတဲ့ တိုးဖျဖျအသံကသူ့ခေါင်းထက်ကထွက်လာတာမို့ အားတင်းကာသူခေါင်းမော့ရသည်။

"ကလေးလေး ဘယ်လိုနေသေးလဲဟင် အဆင်ပြေလား နာတဲ့နေရာရှိလား ဘယ်နေရာအဆင်မပြေလဲဟင် "

မေးခွန်းရှည်ကြီးနောက် အူကြောင်ကြောင်လေးသာကြည့်လာတာမို့ အရေးပေါ်ခလုတ်ကိုအသည်းအသန်နှိပ်မိသည်။

"ကိုကို"

"အင်း ကိုကို ငယ့်ရဲ့ကိုကိုလေ"

"ရေ"

"ရေဆာလို့လားခဏနော်"

ဆုပ်ကိုင်ထားတဲ့လက်ကိုဖြုတ်တော့ အသာလေးပြန်ဆုပ်ကိုင်လာတာက အားမရှိတာမို့မသိသာ။သူအလိုက်တသိပြန်ထွေးဆုပ်လိုက်သည်။လက်တစ်ဖက်နှင့်ရေခွက်ကိုယူပြီး သူသတိမေ့နေစဥ်ကလုပ်ပေးခဲ့တဲ့အတိုင်း ဂွမ်းလေးကိုရေစွတ်ကာနှုတ်ခမ်းထက်အသာတို့ပေးသည်။

"ကိုCean လခြမ်းသတိရလာပြီလား"

အရေးပေါ်ခလုတ်ကြောင့် ချက်ချင်းရောက်တာတဲ့အဖွဲ့က ငါးယောက်ထက်မနည်း။သူ့သူငယ်ချင်းတွေပါရောက်လာတာမို့ ကုတင်ပတ်လည်လူအပြည့်။

OCEAN (သမုဒ္ဒရာပိုင်တဲ့လခြမ်းငယ်) (Complete)Where stories live. Discover now