အလုပ်ခန်းထဲ စားပွဲထက်ကMacbookကိုဖွင့်ထားသော်ငြား သူ့စိတ်တွေကတခြားနေရာဆီမှာ။တစ်ပါတ်လုံးစိတ်မကြည်နေတာ အိပ်ရေးမဝလို့မဟုတ်။ဟိုတစ်ယောက်လက်ထဲပါသွားတဲ့ ပုံရိပ်လေးကိုတွေးမိတော့ ဒေါသတွေကပွက်ပွက်ဆူလာရော။ဘာကိုဒေါသထွက်လို့ထွက်မှန်းမသိ။ဘာဖြစ်ချင်လို့ဖြစ်ချင်နေမှန်းမသိ။သေချာတာတစ်ခုက ထိုတစ်ယောက်နှင့်ပတ်သပ်နေပါသည်။ဒီတစ်ပါတ်တည်း သောက်ဖြစ်တဲ့စီးကရက်တွေသိပ်များနေပါပြီ။
Horizonကဆိုင်မှာသွားစားမည်ဟုဖုန်းဆက်လာသဖြင့် ပို့ပေးသောလိပ်စာအတိုင်းသာ ထွက်လာလိုက်သည်။ယနေ့ရာသီဥတုက မိုးအုံ့နေ၍ကြည်ကြည်လင်လင်မရှိ။စိတ်ဓာတ်ကျစရာအငွေ့အသက်အပြည့်နှင့်။
ဆိုင်လေးကရိုးရာစားသောက်ဆိုင်လေး။သန့်ရှင်းသပ်ရပ်ပြီး တိတ်တိတ်ဆိတ်ဆိတ်သာ။စားပွဲတစ်လုံးနှင့်တစ်လုံးကြား အကန့်လေးသာကန့်ထားပြီး သီးသန့်ခန်းတော့မဟုတ်။သူမျက်ခုံးပင့်ကာ လျှောက်လာခဲ့တော့ Horizonကလက်လှမ်းပြသည်။
Maskကိုချွတ်လို့ မျက်နှာချင်းဆိုင်မှာဝင်ထိုင်တော့ Menuစာအုပ်ကိုရှေ့တိုးပေးသည်။
"ဆိုင်ကတော့သိပ်မကြီးကျယ်ဘူး အစားအသောက်အရမ်းကောင်းလို့ ကိုCean ကိုလှမ်းခေါ်လိုက်တာ ဒီတလောသိပ်မစားဘူးလို့ကြားလို့"
ဘယ်သူ့ဆီကလဲလို့မေးစရာမလို သက်တော်စောင့်ခေါင်းဆောင်ဆီကနေမှာပေါ့။ဘာမှမပြောသေးဘဲ Menuစာအုပ်ကိုသာလှန်လိုက်ပြီး အနည်းငယ်သာမှာလိုက်သည်။စားပွဲထိုးလေးထွက်သွားမှ နှစ်ယောက်သားအကြည့်ချင်းဆုံဖြစ်သည်။
"ကိုCeanနေမကောင်းဘူးလား မျက်နှာနည်းနည်းချောင်ကျသွားသလိုပဲ အိပ်ကောအိပ်ရဲ့လား"
"အိပ်ပါတယ် ဒီအတိုင်း... အလုပ်တွေနည်းနည်းရှူပ်နေလို့"
"တော်ရုံပဲလုပ်ပါကိုCeanရာ အခုအခြေနေနဲ့တောင်ဆယ်သက်စားမကုန်ဖြစ်နေပြီ ကျွေးစရာသားသမီးတွေလည်းရှိနေတာမဟုတ်ဘဲနဲ့"
"အဟွန်း... ဒါနဲ့ အငယ်ကောင်ရောမခေါ်ထားဘူးလား"
"Geoကခရီးထွက်သွားတယ်ကိုCeanရဲ့ Sပြည်နယ်ဖက်ကိုတဲ့ အလုပ်ကိစ္စနဲ့သွားရင်း လည်ပတ်ပြီးမှပြန်လာမယ်လို့တော့ပြောတယ်"
YOU ARE READING
OCEAN (သမုဒ္ဒရာပိုင်တဲ့လခြမ်းငယ်) (Complete)