အပိုင်း ၂၀

11.8K 566 8
                                    


အပြေးတစ်ပိုင်းအခန်းထဲဝင်ကာlockချလိုက်တော့ အခန်းထဲရှိနေတဲ့နောင်းညိုကစိုးရိမ်တကြီးရောက်လာလေသည်။

"လခြမ်းဘယ်တွေရောက်နေတာလဲ ဖုန်းလည်းခေါ်လို့မရဘူး အဝတ်တွေကကောဘာဖြစ်လာတာလဲ"

ပုခုံးမှဆုပ်ကိုင်ကာစိုးရိမ်တကြီးမေးတော့ အားပါးတရငိုချမိတော့သည်။အငယ်ဆုံးတစ်ယောက်ဇွတ်လိုက်ပို့သောကားနှင့်ပြန်လာတာကြောင့် ကားအတွင်းမှာမငိုဖြစ်ခဲ့။မငိုနိုင်ခဲ့တာဆိုပိုမှန်ပါမည်။

မြေအောက်ကားParkingရောက်သည်နှင့် နှုတ်မဆက်ဘဲပြေးဆင်းမိကာ ဓာတ်လှေကားထဲဝင်သည်အထိတုန်ယင်နေတာမပျောက်။အခုအခန်းတံခါးပိတ်လိုက်တော့မှ လုံခြုံသည်ဟုခံစားရကာ နောင်းညို၏နွေးထွေးမှုကထိန်းထားသည့်မျက်ရည်အားလုံး အရည်ပျော်ကျစေပါသည်။

"အရမ်းကြောက်နေတာလား လာ..ခုံမှာအရင်ထိုင်လိုက် ပြီးမှငါ့ကိုပြောပြ"

ပြောပြီးခုံမှာထိုင်စေကာ စားပွဲထက်ရေကရားထဲမှရေတစ်ခွက်ငှဲ့ပေးသည်။ရေကိုအငမ်းမရသောက်ရင်း အသက်ပြင်းပြင်းရှူရသည်။

"အဆင်ပြေလား ထပ်ငိုချင်သေးလား"

ခေါင်းထပ်ရမ်းပြကာ ရင်ခွင်ထဲပြန်တိုးဝင်မိသည်။လက်တစ်ဖက်ကခေါင်းမှဆံပင်တွေကိုသပ်တင်ပေးရင်း အခြားလက်တစ်ဖက်က ကျောပြင်ကိုခပ်ဖွဖွလေးပုတ်ပေးလာလေသည်။မေမေ့ကိုသတိရလိုက်တာအရမ်းပဲ။

တိမ်ငွေ့က လုံခြုံမှုတွေပေးစွမ်းတဲ့ဖေဖေနှင့်တူသည်ဆိုလျှင် နောင်းညိုကနွေးထွေးမှုကိုပေးစွမ်းတဲ့မေမေနှင့်တူတဲ့သူငယ်ချင်းလေး။

"နောင်းညို"

"ဟင် ဘာပြောမို့လဲလခြမ်းလေး"

"ငယ်ငယ်ကြောက်တယ်"

"ငါ့ကိုပြော ဘယ်သူ့ကိုကြောက်တာလဲ"

"ဟင့်အင်း"

"လခြမ်းလေးပြောမှငါကသိမှာပေါ့ သိတယ်မလားငါ့မှာလည်းလုပ်နိုင်စွမ်းတစ်ချို့ရှိပါတယ် တိမ်ငွေ့လည်းရှိတယ်လေ နှစ်ယောက်ပေါင်းရင်ဘယ်သူမှလခြမ်းလေးကိုအနိုင်မကျင့်ရဲပါဘူး ပြောပြညနေကဘာဖြစ်တာလဲ"

OCEAN (သမုဒ္ဒရာပိုင်တဲ့လခြမ်းငယ်) (Complete)Where stories live. Discover now