အပိုင်း ၃၃

12.2K 514 12
                                    


အိမ်ပြန်ရောက်ရောက်ချင်း အိမ်ရှေ့ဆိုင်ကယ်ရပ်လို့ပြေးမိတာကခြံထဲကို။ဒီနေ့ Meetingတွေဆက်တိုက်မို့ ငယ်ငယ်ပျင်းနေရမှာဆိုး၍အလုပ်ကိုခေါ်မသွားဖြစ်။

အလွမ်းပြေလေးမပါတာမို့ အလုပ်တွေအမြန်လက်စသတ်ကာ ပြန်ဖို့ပြင်တော့မှ ရောက်လာတဲ့သတင်းကရင်ဝဆောင့်ကန်သည်။

ကားနှင့်တောင်မပြန်နိုင်ဘဲ ဆိုင်ကယ်မိုင်ကုန်မောင်းလာတာမို့ ခါတိုင်းထက်၁၅မိနစ်စောရောက်လာတာ။

ခြံထဲကသစ်ပင်အောက်သူ့လူတွေအုံနေသလို ပိုင်ဆိုင်မှုလေးကတော့သစ်ပင်ထိပ်ဖျားမှာ။အဝေးကတည်းကကြားနေရတဲ့အသံစွာစွာလေး။

"ကိုကို့ကိုပြန်မတိုင်ဘူးလို့ကတိပေးမှဆင်းခဲ့မှာပါဆို အဲ့လူကြီးတွေကကတိမပေးဘဲနဲ့"

အခက်တွေ့နေတဲ့သူ့လူတွေက သူ့ကိုမြင်တော့ကယ်တင်ရှင်တွေ့သလို ကြည့်လာကြတာအားကိုးတကြီး။

"ငယ်ငယ် ခုချက်ချင်းဆင်းခဲ့"

မော့ကြည့်လို့ပြောမိတဲ့အသံက ပူပန်မှုတွေ ထိန်းထားရတာမို့ သိပ်မပီပြင်ချင်။မတော်လို့များဆိုတဲ့အတွေးကြောင့် လက်တွေတောင်တုန်ယင်နေပါသည်။

"ကိုကိုပြန်လာပြီလား"

အံ့ဩတကြီးလေးငုံ့ကြည့်ကာမေးလာတာမို့ ယောင်ပြီးလက်လွှတ်ပစ်မှာလည်းကြောက်ရလေသည်။

"ပြန်လာပြီ ဆင်းလာခဲ့တော့လို့"

"အောက်ရောက်ရင် ကိုကိုကဆူမှာလား"

"မဆူဘူး"

သူအပြစ်လုပ်ထားတာတော့သူသိတယ်။လူလစ်ရင်သစ်ပင်ခိုးတက်တတ်တာဘာအကျင့်လေးမှန်းကိုမသိ။စိတ်ပူလို့မတက်နဲ့ဆို ပြောတုန်းခဏဟုတ်ကဲ့ဘဲ။ပြီးရင်လုပ်ချင်ရာလုပ်တော့တာ။

"အ့ဆိုဘာလို့စိတ်တိုတဲ့အသံကြီးနဲ့ပြောနေတာလဲ"

"ကိုကိုစိတ်မတိုဘူးမဆူဘူးနော် အဲ့တာကြောင့်ဆင်းခဲ့တော့"

"တကယ်လား"

"တကယ်"

"ကတိပေးလား"

"ပေးတယ်"

"ဒါပေမယ့်မဆင်းချင်သေးဘူးလေ"

သစ်ပင်ပင်စည်ကိုဖက်ကာ ခေါင်းလေးမှီပြီးပြန်ပြောလာပုံကသူ့ကိုမခန့်တာ။

OCEAN (သမုဒ္ဒရာပိုင်တဲ့လခြမ်းငယ်) (Complete)Where stories live. Discover now