****ယခုရေးသားထားသောအကြောင်းအရာမှန်သမျှသည် လက်တွေ့မဆန်သည့်စိတ်ကူးယဥ်ပုံဖော်ချက်များသာဖြစ်ကြောင်း ကြိုတင်အသိပေးပါတယ်ရှင့်***"ခမည်းတော်ကလည်း"
"တော်...ဆက်မပြောလေနဲ့ ကြားကောင်းသလားဟမ် ဒီခမည်းတော်ကတော့ကလေးလေးဆိုပြီး လိုချင်တာတရစေဆိုသလို ဖူးဖူးမှုတ်ထားသလောက် သားတော်လေးကဘာလုပ်လာသတဲ့တုန်း"
"မတော်တဆကျီစားသန်သွားရုံတင်ပါ"
"တယ်.....ရိုက်လိုက်ရရင်ဖြင့်ငိုအုံးမယ် ဘာကိုကျီစားသတဲ့လဲ မိုးနတ်မယ်လေးရဲ့ဝတ်ရုံလွှာကိုဖွက်ထားလိုက်တော့ရော သားတော်ငယ်ပျော်သွားသတဲ့လား"
ကြိမ်တုတ်ရွယ်ကာကြိမ်းမောင်းနေတဲ့ခမည်းတော်အပြောမှာ ကလေးငယ်ဟာခစ်ခနဲသဘောကျလေရဲ့။
"အဟိ သိပ်ပျော်ဖို့ကောင်း မိုးနတ်မယ်လေးစိုးရိမ်ကြောင့်ကြပြေးလွှားနေတာ လိပ်ပြာလေးသေရည်မူးနေသလို ယိမ်းထိုးနေတာပဲ"
"သားတော်ငယ်"
ဘုံဗိမာန်တစ်ခွင်ဟိန်းခနဲထွက်လာသည့်ခမည်းတော်ဒေါသကြောင့် ကလေးငယ်ကိုကျောနောက်ပို့ကာ
"ခမည်းတော်စိတ်ထိန်းတော်မူပါ ငယ်ငယ်ကကလေးသာသာမို့ ကျီစားသန်တာသဘာဝပါခမည်းတော်ဗွေမယူသင့်ကြောင်းပါ"
"တယ်လေ မင်းတို့တတွေကာစီးကာစီးနဲ့အလိုလိုက်လွန်းလို့ ဆိုးသွမ်းနေတာမသိလေရော့လား သိပ်ဆိုးလာရင်ထိန်းမနိုင်ဘဲနေရော့မယ် မလွန်ခင်ဆုံးမမှတော်ကာကျမပေါ့"
"ခမည်းတော်ကသားတော်ငယ်ကိုစွန့်ပစ်တော့မယ်ပေါ့ သူစိမ်းတစ်ပါးသူကြောင့်သွေးသားရင်းချာကိုအော်ငေါက်ဆုံးမတော်မူတာအားမရလို့ ကြိမ်တံနှင့်ပါအပြစ်ပေးတော်မူလိုတယ်ပေါ့ အဟင့် နားလည်တော်မူပါပြီ ခမည်းတော်ကဒီတုံးအလှတဲ့သားတော်ငယ်ကို အလိုမရှိတော့လို့အပြစ်ရှာချင်တာကို သဘောပေါက်လိုက်ပါပြီ အဟင့်"
"ငယ်ငယ်"
ပြေးထွက်သွားတဲ့ပုံရိပ်ငယ်ကိုကြည့်ရင်း သူပူပန်ကြောင့်ကျစွာအော်ဟစ်တားတော့ ခမည်းတော်ကသက်ပြင်းချလေသည်။
YOU ARE READING
OCEAN (သမုဒ္ဒရာပိုင်တဲ့လခြမ်းငယ်) (Complete)