"ကိုကိုရေ""တိုတိုယေ"
"ကိုကို့"
"တိုတို့"
"လှိုင်းရေလွှာငယ်"
"ချင့်"
"ဘာရှင့်လဲ ထူးခိုင်းနေတာမဟုတ်ဘူး"
"ပါပါးကယဲ"
"ပလီပလာတွေတတ်မနေနဲ့ ပါပါးကိုစစရာလား"
"ပါပါးကိုရှစ်ရို့ ယွှာငယ်ကရှစ်ရို့"
"လူဆိုးမလေး"
ရင်ခွင်ထဲဇွတ်တိုးဝင်နေတဲ့အတတ်မလေးကိုပါးတွေလိုက်နမ်းတော့ တခစ်ခစ်နဲ့သဘောတွေကျနေတာ။သုံးနှစ်ကျော်နေပြီဖြစ်တဲ့သမီးလေးကသူ့အစ်ကိုထက်လူပိုကပ်သည်။အရမ်းလည်းချွဲတတ်သည်။
သားကခပ်တည်တည်အေးစက်စက်လေးဆိုပေမယ့် ငယ်ငယ်နဲ့ဆိုရင်တော့အမြဲပြုံးနေတာပါးချိုင့်လေးတွေပါပေါ်သည်အထိ။ကိုကိုကလည်းအရမ်းအလိုလိုက်သည့်အပြင် ဦးလေးတွေရဲ့အသည်းကျော်လေးတွေလည်းဖြစ်တာမို့တစ်ခါတစ်လေသိပ်ဆိုးပါသည်။
"ငယ် ကိုကို့ကိုခေါ်သေးလား"
သားကိုပွေ့ရင်းရောက်လာတဲ့ကိုကိုက အိမ်နေရင်းအင်္ကျီလက်ပြတ်၊ခပ်ပွပွဒူးထိဘောင်းဘီတစ်ထည်နှင့်။သေချာပုံမသွင်းထားတဲ့ဆံနွယ်တွေကလေနှင့်လွင့်ပါထားတာမို့ ခေါင်းထက်မှာကပိုကယို။ပါးသိုင်းမွေးခပ်ရေးရေးနှင့်အတူ နှုတ်ခမ်းမွေးငုတ်စိလေးတွေပါထွက်နေတာမို့ ယောကျာ်းဆန်မှုဟော်မုန်းတွေကပတ်ဝန်းကျင်ကိုလွှမ်းမိုးထားလေသည်။
သားကိုလက်တစ်ဖက်တည်းနှင့်ပွေ့ထားပြီး ကျန်တစ်ဖက်က သစ်သီးခြင်းကိုမထားတာမို့ လက်ပြတ်ဝတ်ထားလို့ထင်းထွက်နေတဲ့လက်မောင်းကြွက်သားတွေက အားကိုးချင်စရာ။ညိုစိမ့်စိမ့်အသားအရေမှာချွေးစပါးပါးတစ်လွှာကကပ်တွယ်နေသေးသည်။
"ငယ်"
"ညယ်"
"ဟမ်..."
ကိုကိုခေါ်သလို မပီကလာပီကလာလိုက်ခေါ်တဲ့သားဖြစ်သူအသံကြားမှ ငေးကြည့်နေရာမှအသိပြန်ဝင်လာမိသည်။
"ဘာတွေအဲ့လောက်ကြည့်နေတာလဲကွာ"
"ကိုကိုကငေးကြည့်ချင်စရာကောင်းနေလို့လေ"
YOU ARE READING
OCEAN (သမုဒ္ဒရာပိုင်တဲ့လခြမ်းငယ်) (Complete)