ပထမဆုံးအကြိမ်Rutဝင်တာမို့ဘာမှကြိုတင်မပြင်ဆင်ထားမိ။သူငယ်ချင်းတွေကိုဖုန်းလှမ်းဆက်ကာထိန်းချုပ်ဆေးလာပို့ခိုင်းရန်သာစဥ်းစားမိတာမို့ထိုအတိုင်းသာဆုံးဖြတ်လိုက်သည်။ရုတ်တရတ်တွန်းဖွင့်ခံလိုက်ရသည့်တံခါးကိုမြင်မှLockချဖို့မေ့ခဲ့မိကြောင်းသတိရသည်။လျှောက်လမ်းကမီးရောင်တွေကမီးမဖွင့်ထားသည့်အခန်းထဲတိုးဝင်လာတာကြောင့် ဝင်လာသည့်သူကိုမမြင်နိုင်။
တရိပ်ရိပ်တက်လာသည့်အပူလှိုင်းကရုတ်တရတ်ရလိုက်သည့်ထင်းရှူးရနံ့တွေနှင့်ထိတွေ့မိချိန်အငမ်းမရဝါးမြိုပစ်ဖို့တွန်းထိုးလှုံ့ဆော်နေသည်။
တိကနဲပိတ်ကျသွားသည့်တံခါးနှင့်အတူတဖြည်းဖြည်းနီးကပ်လာသည့်ထင်းရှူးနံ့တွေကြောင့်လက်ကျန်အသိစိတ်တစ်ချို့ကခန္ဓာကိုယ်မှလွင့်ထွက်ဖို့တာစူနေကြသည်။
"ဘယ်သူလဲ"
အေးစက်စက်အသံတစ်ခုကနားစည်ကိုရိုက်ခတ်ကာနှလုံးသားထဲထိစိမ့်ဝင်သည်။ညအိပ်မီးရောင်ပါးပါးတောင်မရှိတဲ့အခန်းထဲ အသက်ရှူသံနှစ်ခုနှင့်မတူညီသည့်ရနံ့နှစ်ခုကတွန်းကန်ချင်နေသလိုဆွဲယူချင်နေပုံလည်းရသည်။
"ငါ့အခန်းထဲဘာဝင်လုပ်တာလဲ"
ရုတ်တရတ်ထပ်မေးလာသည့်အသံကြားမှအသိစိတ်အနည်းငယ်ကလူဆီပြန်ရောက်လာသည်။ဖြစ်နိုင်တာကHeatဝင်ပြီးအခန်းမှားဝင်လာပုံရ၏။
"ဒါကကျုပ်အခန်း ခင်ဗျားမှားဝင်လာတာ"
"ဘာ"
"ခင်ဗျားမြန်မြန်ပြန်ထွက်သွားရင်ကောင်းမယ် ကျုပ်ကRutဝင်နေတာ"
အနည်းငယ်အေးခဲသွားသည့်လေထုထဲ သက်ပြင်းချသံတစ်ခုကြားလိုက်ရပြီးခြေလှမ်းတွေကြိုးစားရွှေ့လိုက်သူကရုတ်တရတ်ယိုင်လဲလာလေသည်။
"ကိုယ်....ကိုယ်အဆင်မပြေဘူး"
ပုံမှန်မဟုတ်သည့်ညည်းညူသံတစ်ချက်နှင့်အားဖျော့စွာထွက်လာသည့်စကားသံက သူ့အသိစိတ်ကိုအက်စစ်လိုတိုက်စားသည်။ဖြစ်သင့်တာတွေမဖြစ်သင့်တာတွေကိုတွေးမနေပဲ ဦးနှောက်ထဲပထမဆုံးဝင်လာသည့်အသိက တစ်စစီဝါးမြိုကာအပိုင်သိမ်းပစ်ဖို့။
YOU ARE READING
OCEAN (သမုဒ္ဒရာပိုင်တဲ့လခြမ်းငယ်) (Complete)