သူရောက်နေကျစံပယ်လွင်ပြင်ကြီး။ဒါပေမယ့် ဒီနေ့မှာတော့တစ်ခုခုထူးခြားနေသည်။ခါတိုင်း အပွင့်ဖြူဖြူတွေဖွေးနေပြီးရနံ့တွေကအဆုံအစမဲ့။ဒီနေ့တော့ အဆုံးအစမဲ့စံပယ်ပင်တွေဟာ မုန်တိုင်းမိသွားတဲ့စိုက်ခင်းငယ်လေးလို သူ့ခြေထောက်အောက်မှာပြားပြားဝပ်လို့။စံပယ်ပွင့်တွေမရှိရနံ့တွေမရှိ။ခါတိုင်း ရနံ့တွေကြောင့်ဒေါသထွက်ရသလို ဒီနေ့ရနံ့မရှိတော့လည်းဒေါသထွက်ရသည်။နောက်ပြီး ဒေါသတွေအပြင်သူမရင်းနှီးသည့်ခံစားချက်တစ်ခုကပါဝင်ရောက်လာသည်။ဝမ်းနည်းခြင်းလား ။တစ်ခုခုဆုံးရှုံးသွားမှာကြောက်ခြင်းလား။
ရေရေရာရာအဖြေကိုမသိပါဘဲ သူထိုပန်းခင်းကြီးထဲတဝဲလည်လည်။အပင်တွေကိုတစ်ခါနင်းမိတိုင်း တစ်ခါနာကျင်သွားတဲ့ဘယ်ဘက်ရင်ဘတ်ကြောင့်ရှေ့ဆက်မတိုးရဲ။
ယောင်ချာချာဖြစ်နေတုန်းဖျက်ခနဲနိုးထလာမိသည်။ထိုအခါမှ အိမ်မက်မှန်းသိကာသက်ပျင်းချရသည်။ဆိုးလိုက်တဲ့အိမ်မက်။
ရုတ်တရတ်တစ်ခုခုကိုသတိရမိသည်။ဒီအိမ်မက်က မနေ့ကအဖြစ်အပျက်နဲ့များဆိုင်နေသလား။ဟိုအမှိုက်ရဲ့ခြေထောက်ကိုတက်နင်းပစ်ခဲ့ပြီးကျေနပ်နေ၍ စိတ်စွဲကာမက်ခြင်းလား။သို့သော် အိမ်မက်ထဲမှာသူကျေနပ်မနေတာတော့သေချာသည်။
ဒါဆိုဘာလဲ။သူ့ကိုပြုစားထားတာလား။ဖယ်ရိုမုန်းကိုက်ညီမှုမြင့်မားလွန်း၍ မနေ့ကအကွက်ဆင်ခံလိုက်ရပြီး အိမ်မက်ထဲထိအတင့်ရဲနေခြင်းလား။အတွေးတွေကြောင့် သူ့မျက်နှာမဲမှောင်သွားရသည်။
အိပ်ယာမှမထခင် အငယ်နှစ်ယောက်ကိုဖုန်းဆက်လှမ်းခေါ်လိုက်သည်။သူတို့အားမေးစရာရှိသည်။ထို့နောက်ရေမိုးချိုးကာ ပေါ့ပေါ့ပါးပါးအိမ်နေရင်းအဝတ်လဲလိုက်ပြီး မနက်စာဆင်းစားသည်။ဒီနေ့အလုပ်လုပ်ဖို့တောင်စိတ်မပါချင်တော့။
ဧည့်ခန်းထဲ Laptopတစ်လုံးနှင့်အလုပ်လုပ်နေတုန်း အငယ်နှစ်ယောက်ရောက်လာသည်။ဒီနေ့က သူတို့ညီအစ်ကိုနှစ်ယောက်ရဲ့ တရားဝင်နားရက်။ဒါကြောင့်ပူစရာမရှိ လှမ်းခေါ်လိုက်ခြင်း။အငယ်ဆုံး Geoကတော့ Programmerပီပီအားရက်ဟူ၍တသမတ်တည်းမရှိ။ထို့ကြောင့် ဘယ်အချိန်ခေါ်ခေါ်ရောက်လာတတ်ပြီး လက်ထဲမှLaptopအားမချတတ်။
YOU ARE READING
OCEAN (သမုဒ္ဒရာပိုင်တဲ့လခြမ်းငယ်) (Complete)