အပိုင်း ၂၂

12.3K 623 25
                                    


"ဘာတွေကြည့်နေတာလဲ Geo"

"ဇာတ်လမ်းတွဲတစ်ခုပါ"

ဆိုဖာပေါ်ပျင်းရိပျင်းတွဲထိုင်ရင်း ရှေ့ကTVဆီအာရုံစိုက်နေသူက စိတ်သိပ်မပါဟန်။

"အဲ့လိုတွေလည်းကြည့်တာပဲလား"

"ပျင်းနေလို့ပါဗျာ ပြီးတော့ ကောင်လေးကိုလိုက်ဖို့နည်းလမ်းလေးတွေများတွေ့မလားလို့"

"အရင်လကသူခရီးထွက်နေတာဆို အဆက်သွယ်ရပြီလား"

"မနေ့ကရတယ် ဒီနေ့ထပ်ထွက်သွားပြန်ပြီတဲ့
စီးပွားရေးသောင်းကျန်းချက်ပဲ"

"သူ့ကောင်လေးအတွက်နေမှာပေါ့"

"ဟုတ်လောက်တယ်"

ခနဲ့သလိုအပြောကို အတည်ပေါက်ကြီးပြန်ဖြေလာတာမို့မျက်ခုံးပင့်ရသည်။

"အဆင်ပြေရဲ့လား"

"ပြေပါတယ် နောက်ဆိုရင်ကျွန်တော်ကသူ့ကောင်လေးဖြစ်လာတော့မှာလေ"

"မနိုင်ပါဘူးကွာ"

ပြောရင်းဆိုဖာထက်ထိုင်ချကာ Macbook တစ်လုံးနှင့်အလုပ်ရှူပ်ဖို့ပြင်သည်။ထိုစဥ်ဝင်လာသောPhone callကကျောက်စက်ဆီက။

"ပြော ကျောက်စက်"

"ညနေပွဲကိုတက်မှာလားလှမ်းမေးတာ ကို Cean"

"မတက်ဖြစ်လောက်ဘူး သင့်တော်မယ့်လက်ဆောင်တစ်ခုခုစီစဥ်ပြီးပို့လိုက်"

"ဟုတ်ကဲ့"

ဖုန်းချပြီးတော့ လုပ်စရာရှိတာဆက်လုပ်သည်။ဒီနေ့နားတာမို့ ဘယ်မှသွားချင်စိတ်မရှိ။Geoကလည်း ပျင်းလို့ဟုဆိုကာအိမ်ရောက်လာတာကြောင့် ညီအစ်ကိုနှစ်ယောက် ဧည့်ခန်းထဲအတူထိုင်ဖြစ်သည်။

GeoကTVကြည့်နေချိန် သူကဘေးမှာအလုပ်လုပ်သည်။ခဏပျင်းလာတာကြောင့် Geoကြည့်နေတဲ့ဇာတ်လမ်းတွဲဆီအကြည့်ပို့မိသည်။နည်းနည်းလေးကြည့်ပြီး သူ့စိတ်တွေအလိုမကျတော့။

"အဲ့မင်းသမီးကဘာကိစ္စပွဲဆီရောက်သွားရတာလဲ သူ့လည်းမဖိတ်ပဲနဲ့"

"သူသွားမှမင်းသားနဲ့တွေ့ရမှာပေါ့ တွေ့မှအကူအညီရမယ် ပြီးရင်ရင်းနှီးမယ် ဇာတ်လမ်းကအဲ့လိုသွားရမှာလေ"

OCEAN (သမုဒ္ဒရာပိုင်တဲ့လခြမ်းငယ်) (Complete)Where stories live. Discover now