လမ်းတစ်လျှောက်တိတ်ဆိတ်မှုကြောင့် ခရီးကပိုဝေးနေသလိုမျိုး။အေးစက်နေတဲ့အခြေအနေက ပြင်ပအအေးထက်ပိုကဲစွာ။နှင်းမှုန်တွေဝေ့နေတာကြောင့် မရှင်းလင်းတဲ့ပတ်ဝန်းကျင်လိုမျိုး သူတို့နှစ်ယောက်ကြားအခြေနေကလည်းထိုနည်းတူ။လက်မလျှော့တဲ့သူ့ဇွဲတွေကြောင့် မဂ်လာပွဲကိုအပါခေါ်နိုင်ခဲ့သလိုမျိုး သူ့ဘဝထဲကိုလည်းဆွဲခေါ်လို့ရလျှင်သိပ်ကောင်းမည်။နှလုံးသားမာရသွန်မှာ တစ်ဖက်တည်းပြေးနေရတာမို့ သိပ်အရာမထင်ပေမယ့်ပေါ့။
အနိုင်ရသွားလို့လက်ခုပ်သံတွေမရှိခဲ့ရင်တောင် ကိုယ်လိုချင်တာဆုဖလားလေးပေမို့ အများအမြင်ကိုဂရုမစိုက်ဘူး။သနားလို့ပေးအပ်လာမယ့် ဇွဲဆုလေးဆိုရင်တောင် ကိုယ်မက်မောနေဆဲပဲလေ။
"ကိုယ် အရင်ကလိုအမြဲလာလည်ခွင့်ရှိမလား"
".............."
"ပျိုးပင်ဝယ်နေကျဖောက်သည်တစ်ယောက်လိုဆိုရင်တောင်မရဘူးလား"
"..........."
"မင်းလက်နဲ့ပျိုးထားတဲ့အပင်တွေကို ကိုယ်တကယ်မြတ်နိုးတာ"
"ပထဝီ"
"ဗျာ"
"မင်းဘာလို့ငါ့ကိုသဘောကျတာလဲ"
"အကြောင်းပြချက်မရှိဘူးလေဥယျာဥ်မှူးလေးရယ် ငွေ့ဖြစ်နေလို့ဆိုတဲ့အကြောင်းပြချက်ကလွဲရင်ပေါ့"
"Alpha အချင်းချင်းဆိုတာရောမင်းသိရဲ့လား"
"ကိုယ် သိပါတယ်"
"Sexကိစ္စကိုရောမင်းဘယ်လိုတွေးထားလဲ"
ခဏတာဆွံ့အသွားတာက မတွေးဖြစ်ခဲ့ဖူးတဲ့ မေးခွန်းတစ်ခုကြောင့်အဖြေမဲ့နေတာ။
"အင်းပေါ့လေ Dominant Alphaတစ်ယောက်ဖြစ်တဲ့အပြင် မိသားစုအရှိန်အဝါတွေနဲ့ဆိုတော့ အောက်ကျို့တော့ဘယ်ခံပါ့မလဲ"
နှုတ်ခမ်းတွန့်လို့ဆိုလာသူက သူသိပြီးသားဆိုသောအထာနှင့်။
"အဲ့လိုမရှိခဲ့ပါဘူးငွေ့ မြတ်နိုးမှုနောက်မှာကပ်ပါလာတဲ့တဏှာဆိုတာ ကိုယ့်အတွက်မဖြစ်မနေမှမဟုတ်တာ"
YOU ARE READING
OCEAN (သမုဒ္ဒရာပိုင်တဲ့လခြမ်းငယ်) (Complete)