အပိုင်း ၄၀

10.2K 494 15
                                    


ခဏကြာသည်အထိ ထွက်မလာသေးတဲ့ကလေးကြောင့် သူလိုက်ဝင်ဖို့ပြင်တော့ Phone callတစ်ခုဝင်လာလေသည်။သူ့ကိုယ်ပိုင်ဖုန်းနံပါတ်ကိုဆက်လာတာမို့ လုပ်ငန်းပါတနာတွေတော့မဖြစ်နိုင်။

"ဟဲလို"

"ကိုသမုဒ္ဒရာဟုတ်"

"ဟုတ်ပါတယ် ဘယ်သူလဲ"

"ပြောပြလည်းသိမှာမဟုတ်လို့မပြောပြတော့ပါဘူး"

လှောင်ရယ်သံပါနေတဲ့စကားလုံးတွေကသူ့မျက်ခုံးတွေကိုတွန့်ချိုးစေသည်။မသိရင်တစ်ခုခုဖြစ်လာတော့မလိုခံစားချက်ကြီး။

"ဘာကိစ္စနဲ့ဖုန်းဆက်လာတာလဲ တမင်သက်သက်အနှောင့်အယှက်ပေးလာတာဆို မင်းသတ္တိသိပ်ကောင်းနေတာပဲ"

"အိုးးးးငါကမကြောက်တတ်ဘူး ငါ့မှာဆုံးရှူံးစရာဘာမှမရှိတော့လို့ ဒါပေမယ့်ခင်ဗျားမှာတော့မတူဘူးလေ ဘာလို့လဲဆိုတော့ ခင်ဗျားရဲ့အသက်သွေးကြောလေးကကျုပ်ဆီမှာ"

အနိုင်ပိုင်းခံလိုက်ရတဲ့စကားလုံးတွေကို သူမယုံသေး။မယုံချင်တာဆိုပိုမှန်မည်။ကန့်သတ်ထားတာတွေဘာတွေမသိ Toilet ထဲကိုဝင်ရှာမိသည်။

"မင်းဘာစောက်စကားတွေပြောနေတာလဲ"

"သူ့ကိုတစ်ခါထဲနှုတ်ဆက်လိုက်တော့နော် ဘိုင့်ဘိုင် ဪဒါနဲ့ မုတ်သုံလေညှင်းကိုပါအဆစ်ဖမ်းခေါ်သွားတဲ့အကြောင်းလေးပြောခဲ့တယ်နော်"

"မင်းး ဟဲလို ဖုန်းမချနဲ့"

သူဒေါသတကြီး အခန်းတွေထဲဝင်ကြည့်တော့အရိပ်လေးတောင်မမြင်ရသူကြောင့်ပိုဒေါသထွက်ရသည်။

ထမင်းစားနေသူတွေဆီအမြန်ပြေးထွက်ကာသူ့လူတွေကိုအမိန့်ပေးတော့မှအားလုံးလှုပ်လှုပ်ရှားရှားဖြစ်ကုန်သည်။

"ကိုCean ဘာဖြစ်တာလဲ"

"လခြမ်းကိုပြန်ပေးဆွဲသွားတယ် မုတ်သုံလေညှင်းကောပဲ... တောက် ..ငါကွာ"

"ဘယ်လို"

"ဘယ်လိုဖြစ်ရတာလဲ"

"မသိဘူး ငါအခန်းရှေ့စောင့်နေရက်နဲ့ဘယ်အပေါက်ကနေဆွဲခေါ်သွားလည်းမသိဘူး ဒီတစ်ဆိုင်လုံးရဲ့CCTVတွေအကုန်စစ် လမ်းကြားတွေရောစစ် လူအင်အားထပ်ခေါ်"

OCEAN (သမုဒ္ဒရာပိုင်တဲ့လခြမ်းငယ်) (Complete)Where stories live. Discover now