အပိုင်း ၁၈

12.4K 611 10
                                    

မြောက်လေတစ်ချို့သယ်ဆောင်လာတဲ့ အအေးဓာတ်က ဆောင်းရာသီမှန်းသိပ်သိသာစေသည်။မြူလွှာပါးပါးက နေခြည်တစ်ချက်အဝင့်မှာလွင့်ကနဲပြယ်သည်။ဆောင်းကုန်ခါနီးမို့ရွက်ဝါတစ်ချို့က မြေပြင်ထက်ဆင်းသက်သည်။

ဝတ်ထားတဲ့ဆွယ်တာနီရဲရဲလေးထဲကိုယ်ကိုကျုံ့လိုက်ပြီး ပါးစပ်ကအငွေ့တစ်ချို့မှုတ်ထုတ်လိုက်သည်။ထို့နောက် မာဖလာနီရဲရဲလေးကိုနှာခေါင်းထိဆွဲအုပ်ပစ်တော့ ကြည်လဲ့လဲ့မျက်လုံးဝိုင်းလေးတွေသာပေါ်ကျန်ရစ်လေသည်။

မနက်ဖြန် တိမ်ငွေ့နေထိုင်သည့်ပြည်နယ်သို့ နောင်းညိုနှင့်သွားမည်။ဟိုမှာတစ်လလောက်နေမည်။outdoorရှူခင်းတွေဆွဲချင်သောကြောင့် သဘာဝရှူခင်းတွေနှင့်လှပနေသော ထိုပြည်နယ်ကသူ့အတွက်အကောင်းဆုံးရွေးချယ်မှု။

Ocean Mallနှင့် ပြဿဒါးနေ့ရက်များကြုံရပြီးနောက် ထိုနေရာအားခြေဦးပင်မလှည့်တော့သောသူ့အား နောင်းညိုကနားလည်ပေးသည်။လိုအပ်သည့်ပစ္စည်းများကို တခြား Shopping centerမှာသာသွားရောက်ဝယ်ယူရန်တွေးထားသည်။

ရှစ်နာရီထိုးသည်အထိအအေးဓာတ်မ​ပြယ် ချင်သေးသည်ကြောင့် အနီရဲရဲသိုးမွေးကြားမျက်လုံးလေးသာပေါ်သူကသူသိပ်ကြိုက်တဲ့ စတော်ဘယ်ရီသီးလေးလို။နောင်းညိုကသူ့ကိုကြည့်ပြီး မကြာခဏရယ်နေလေသည်။

"လခြမ်းလေး ဒီပုံစံအတိုင်းဆိုနောက်လထဲမှသွားရင် ပိုအဆင်ပြေမယ်ထင်တယ်နော်"

"ဘာလို့လဲ ခုပဲသွားချင်တာ နောက်လဆိုတိမ်ငွေ့ကအားမှာမဟုတ်ဘူးနှင်းတွေလည်းမရှိတော့ဘူး"

"ခင်ဗျားလေးအအေးကြောက်တတ်ပုံနဲ့ အဲ့သည်ကရာသီဥတုနဲ့က တစ်လမ်းဆီဗျ"

"ဟင့်အင်းလို့ ဘာမှမဖြစ်ဘူး အအေးဒဏ်ခံနိုင်တယ်"

"လျှောက်ပြောပြန်ပြီ ဒီမြို့မှာသိပ်မအေးတာတောင် ခုအနွေးထည်ပုံထဲမြုပ်နေတာဘယ်သူတုန်း"

"ရပါတယ်ဆို"

မသွားရမှာကြောက်နေသူကနှုတ်ခမ်းပါဆူလာပြီ။ထပ်ပြီးပြောရင်ငိုတော့မှာသိနေတော့လည်း နှုတ်ပိတ်ပြီးသာစကားလမ်းကြောင်းလွှဲရတော့သည်။

OCEAN (သမုဒ္ဒရာပိုင်တဲ့လခြမ်းငယ်) (Complete)Where stories live. Discover now