အပိုင်း ၁၅

12.2K 624 5
                                    


"ဥယျာဥ်မှူးလေး ဒီတစ်ခေါက်ခရီးကဘာသွားလုပ်တာလဲ"

"ပန်းမျိုးစေ့တွေ သွားပို့တာ"

"ဘယ်အထိသွားလို့ ဒီလောက်ကြာနေတာလဲ"

"နယ်စပ်"

"တစ်ယောက်တည်းလား"

"အဖော်တွေပါတယ်"

"သွားနေကျလား"

"ဟုတ်တယ်"

"နောက်တစ်ခါ ကိုယ်ရောလိုက်လို့ရမလား"

"မရဘူး"

"ဘာလို့တုန်း"

"စကားများလို့"

"ဟွန့်"

နှာမှုတ်ကာကားမှန်ဘက်လှည့်လိုက်သည်။ဥယျာဥ်မှူးလေးရဲ့နှူတ်ခမ်းတွေကွေးညွတ်နေတာ ကားမှန်ပေါ်မှာအထင်းသား။စိတ်မရှည်ဘူးဆိုပြီး မေးသမျှဖြေပေးတတ်သူက အပြင်ပိုင်းအေးစက်ပြီးနှလုံးသားနွေးထွေးတဲ့သူ။

အလုပ်ကိစ္စနှင့်လာတာဟုအကြောင်းပြကာ သူခရီးထွက်နေချိန်သူ့ပျိုးဥယာဥ်အတွင်း နေ့တိုင်းခြေချဖြစ်သည်။သူပြန်လာချိန်တွင်လည်း သူ့အိမ်မှာခိုကပ်နေသည်။ယခု Yမြို့သို့အသွားတွင်လည်း စကားပြောဖော်ရအောင်ဟုဆိုကာကားနှင့်ဇွတ်လိုက်လာသည်။

တောင်ပေါ်လမ်းတစ်လျှောက် အကွေ့အကောက်တွေပေါသော်လည်း မောင်းနေကျလူကကျွမ်းကျွမ်းကျင်ကျင်။လမ်းဘေးဝဲယာမှသစ်ပင်ကြီးတစ်ချို့က စိမ်းစိမ်းစိုစို။နေကြာရိုင်းများကဝါဝါဝင်းဝင်း။တောပန်းရနံ့ကမွှေးမွှေးပျံ့ပျံ့။အရာအားလုံးကဗျာဆန်နေခြင်းဟာ မြတ်နိုးနေရသူရဲ့ အပြုံးလက်လက်ကြောင့် ။

"ပထဝီ"

"ဗျာ"

ဘယ်သူမှမသုံးဖူးတဲ့နာမ်စားလေးတစ်လုံးဟာ သူပေးတဲ့ကျွန်တော့်အတွက်လက်ဆောင်။

"မင်းက အမြဲအားနေတာပဲနော်"

"ဟုတ်တယ် အစ်ကိုနှစ်ယောက်ရှာထားတာတွေတောင်ကျွန်တော်သုံးလို့မကုန်နိုင်ဘူး အဲ့တော့အလုပ်မလုပ်ချင်ဘူး"

"ကိုယ်ပိုင်ဝင်ငွေဘယ်တော့ရှာမှာလဲ"

"တစ်စုံတစ်ယောက်ကိုပိုင်ဆိုင်ရရင် သူ့အတွက်ရှာပေးမယ်"

OCEAN (သမုဒ္ဒရာပိုင်တဲ့လခြမ်းငယ်) (Complete)Where stories live. Discover now