"သူများတွေများသာယာလိုက်တာနော် သုံးမကုန်အောင်များနေတော့လည်းအချစ်ကလေးနဲ့လျှောက်လည်ပြီး ရှိသမျှအလုပ်အကုန်ပစ်ထားတော့တာပဲ"စားပွဲခုံကိုလက်ဆစ်နှင့်တတောက်တောက်ခေါက်ရင်း သူညည်းသလိုပြောတော့ ကိုကျောက်စက်ကငဲ့ကြည့်ကာနှာခေါင်းရှုံ့လာလေသည်။
"မင်းကိုပြန်ခိုင်းရဲ့သားနဲ့ကိုယ့်ဘာသာမပြန်တာကို"
"ဟောဗျာ ကျွန်တော်ကဘာပြောနေလို့လဲ အမှန်တရားလေးပြောပြတာကို"
"မင်းအဲ့လိုတတွတ်တွတ်ညည်းနေတာမနက်ကတည်းကလေ"
"ပျင်းနေလို့ပေါ့ဗျ"
"ကိုယ့်ဘာသာလာကူလုပ်နေတာမဟုတ်ဘူးလား"
"ဟုတ်တယ်လေ သူငယ်ချင်းယောကျ်ားပိုင်တာလည်းသူငယ်ချင်းအပိုင်ဘဲမလို့ သူငယ်ချင်းအတွက်လာပေးနေတာ ဒါပေမယ့်ခင်ဗျားကတော့စကားလေးဘာလေးပြောသင့်တယ်လေဗျာ လူကိုတစ်ယောက်တည်းပစ်ပစ်ထားပြီးတော့"
"မပျင်းချင်ရင် မင်းရဲ့အပျော်တွဲလေးတွေနဲ့ အီစီကလီသွားလုပ်နေလေ "
"လာပြန်ပြီလားဗျာ ကျွန်တော်နောက်ဆုံးတွဲခဲ့တာနှစ်ဝက်လောက်ရှိပါပြီဆိုတာကိုလည်း ခုထိဆက်ပြောနေတုန်းလား"
"အဲ့တာဆိုဟိုတစ်နေ့က Mallမှာစကားပြောနေတာကဘယ်သူတုန်း မင်းလက်ကိုတောင်တွဲထားသေးတယ်လေ"
လက်ထဲကစာချုပ်တွေခဏအောက်ချရင်း လက်ပိုက်ကာ သူ့ကိုတည့်တည့်ကြည့်ပြီးမေးလာတာက တရားခံတစ်ယောက်လို။
"ဘယ်နေ့တုန်းကတုန်း"
"ဗြောင်လိမ်မနေနဲ့ ဒါမှမဟုတ်ဘယ်တစ်ယောက်လဲမမှတ်မိတာလား"
"လုပ်ပြန်ပြီဗျာ ကျွန်တော်တကယ်ပြောတာ လခြမ်းအိမ်ထောင်ကျသွားကတည်းက အလုပ်တစ်ဖက်နဲ့ရည်းစားတွေဖက်ခြေဦးကိုမလှည့်ဖြစ်တာ"
"အဲ့တာဆိုအဲ့နေ့ကတစ်ယောက်ကိုပြောလေ"
"ဘယ်အချိန်တုန်းကဘယ်သူနဲ့လဲလို့ ကျွန်တော်ကခင်ဗျားပြောနေတဲ့သူကိုဘယ်လိုလုပ်ပြီးသိမှာလဲ"
"ကြည့် များလွန်းလို့မမှတ်မိတာ"
လက်ပိုက်ထားတာကိုဖြုတ်ပြီး စားပွဲဘက်ပြန်လှည့်ကာ ဖိုင်တွဲတွေနှင့်အလုပ်ဆက်ရှုပ်ဖို့ပြင်နေသူကစိတ်ဆိုးသွားသည့်ပုံ။သူစိတ်ညစ်ညစ်နှင့်ခေါင်းသာကုတ်လိုက်မိသည်။
YOU ARE READING
OCEAN (သမုဒ္ဒရာပိုင်တဲ့လခြမ်းငယ်) (Complete)