အပိုင်း - (၂၆)

3.7K 342 11
                                    

" ဘာခိုင်းစရာရှိလို့လဲဟင် အစ်မ "

" မရှိပါဘူး အငယ်ရဲ့ "

မီးဖိုချောင်ထဲကို ထင်းချောင်းတွေသယ်ထည့်နေတဲ့ဒင်္ဂါးကို အရိပ်တကြည့်ကြည့်လုပ်နေတဲ့ အစ်မငွေမှုန်ကို မေးလိုက်တော့ ခေါင်းခါပြီးပြန်ဖြေသည်။ 

" ဒါဖြင့်ရင် ဘာလို့ကျွန်တော့်ကို တကြည့်ကြည့်လုပ်နေတာလဲ "

ဒင်္ဂါးထပ်ပြောလိုက်တော့ သင်လက်စကင်ပွန်းချဉ်ရွက်ဗန်းကို ကြောင်အိမ်ပေါ်တင်လိုက်ပြီး ဒင်္ဂါးအနား ရောက်လာသည်။

" အစ်မ အငယ့်ကိုပြောပြစရာရှိတယ်...  မပြောပြခင်မှာ အငယ့်ကိုအရင်မေးချင်တာလဲရှိလို့ "

ဘာကိစ္စပြောမှာမို့ စကားပျိုးနေမှန်းမသိတဲ့ အစ်မဖြစ်သူကြောင့် ဒင်္ဂါးယောင်နနနဲ့ သယ်လက်စထင်းချောင်းကိုပြန်ချပြီး အစ်မငွေမှုန်အနားကပ်ထိုင်လိုက်သည်။ အခုဒင်္ဂါးတို့ပုံစံက ကလေးဘဝမှာ အမေမသိအောင် မီးဖိုဆောင်ထဲဝင်ပြီး ပုစွန်ခြောက်ခိုးစားနေသလို။  

" ဘာမေးမှာမို့လို့ စကားပလ္လင်ခံနေတာလဲ အစ်မရဲ့ "

" ပစ်တိုင်းထောင်နဲ့ အငယ့်ကိစ္စလေ... အငယ့်ဆန္ဒ ဘယ်လိုရှိလဲဟင် "

ငွေမှုန်မေးလိုက်တော့ နဂိုအသားဖြူတဲ့အငယ့်မျက်နှာက စွေးစွေးနီလာသည်။ ငွေမှုန်အကဲခတ်ကြည့်မိသလောက်ဆို အငယ်ကလည်း မောင်ငယ့်အပေါ်မေတ္တာရှိရှာပါသည်။ သူ့စိတ်သူမသိသေးတာကြောင့် မဆုံးဖြတ်နိုင်သေးတာကတော့ တစ်ပိုင်းပေါ့။ 

" ကျွန်တော်လည်း မပြောတတ်ဘူး... ထင်မထားတဲ့ကိစ္စဆိုတော့ "

" အစ်မ နားလည်ပါတယ်... အငယ်က အကုန်လုံးအပေါ် စေတနာထားပြီး စိတ်ရှင်းတဲ့သူဆိုတော့ တစ်ဖက်လူကိုယ့်အပေါ်ဘယ်လိုသဘောထားထား အငယ်က စိတ်ရင်းနဲ့သာမို့ မောင်ငယ့်ရဲ့စိတ်နေဟန်ထားကို အငယ်သတိမထားမိတာ သဘာဝကျပါတယ် "

ဝေခွဲမရဖြစ်နေတဲ့အငယ့်ကို ငွေမှုန် ဖေးဖေးမမပြောလိုက်သည်။ 

" အစ်မရော ကျွန်တော့်အပေါ် ဘယ်လိုမြင်လဲဟင်... ကျွန်တော်က အဲလို "

မောင်တို့ဆိုလေ ပျားသကာသို့ချိုလှစေ [[ Complete ]]Where stories live. Discover now