အပိုင်း - (၂၈)

4.5K 385 15
                                    

ရွာအဝင်လမ်းကို ကားဘီးတလိမ့်လိမ့်ဝင်လာပြီဆိုကတည်းက ပစ်တိုင်းထောင်ရဲ့ရင်ခွင်အစုံကလည်း တငြိမ့်ငြိမ့်နဲ့ခုန်လာသည်။ ကိုကိုကြီးကိုတောင်းပန်တဲ့ခရီးက မထင်မှတ်ပဲ တစ်ပတ်ဆယ်ရက်ခန့်ကြာသွားခဲ့သည်မို့ လွမ်းဆွတ်မှုပမာဏက တိုင်းတာ၍ပင်မရနိုင်။

တစ်ဖက်သတ်အချစ်ထုံးထားရတဲ့ အချစ်ဆုံးကလေးကို လွမ်းရသလို မည်းမည်းတုံးတုံးနဲ့ လုံးလုံးလေးဖြစ်နေကြသည့် သမီးကညှာနှစ်ပါးကိုလည်း တမ်းတရသည်။ တပည့်ကျော်ခွေးပုကိုလည်း ရံဖန်ရံခါတော့အမှတ်ရမိပါသည်။ ပြောရမယ်ဆိုရင် ရွာရောက်ပြီးကတည်းက ရွှေဒင်္ဂါးနဲ့ အခုလောက်ထိကြာကြာမခွဲဖူးခဲ့။

" ကိုကိုကြီး နည်းနည်းမြန်မြန်မောင်းလို့မရဘူးလား "

အထွန့်တက်ကာ လျှာရှည်မိတော့ ကိုကိုကြီးက နောက်ကြည့်မှန်ကနေတစ်ဆင့် မျက်ထောင့်နီနဲ့လှမ်းကြည့်သည်မို့ ပြန်ငြိမ်လိုက်ရသည်။

" အဟင်း.. လွမ်းနေတာကို သိပါတယ် မောင်ငယ်ရယ်... ရှေ့တစ်ကွေ့ဆို ရောက်ပြီပဲကို... မောင်ငယ့်က ဒင်္ဂါးလေးကို အရမ်းတွေ့ချင်နေပြီလား. ဟုတ်လား "

သူတို့ညီအစ်ကိုနှစ်ယောက်ရဲ့အကြည့်တိုက်ပွဲကို မမကြီးက လေပြေအေးလေးနဲ့ ဝင်ဖြေလာသည်။

" မတွေ့ရတာ တစ်ပတ်ဆယ်ရက်တောင်ရှိနေပြီလေ မမကြီးကလည်း... ကျွန်တော် တယ်လီဖုန်းဆက်တော့လည်း အင်း အဲ နဲ့ သုံးခွန်းပြည့်အောင်မှ မပြောတဲ့ဟာကို "

ပစ်တိုင်းထောင် ကားနောက်ခန်းမှာထိုင်ပြီး မချိတင်ကဲနဲ့ရေရွတ်မိသည်။ ကိုကိုကြီးကတော့ မျက်မှောင်ကြီးကြုတ်လျက် ခေါင်းတခါခါနဲ့သာ ခရီးဆက်သည်။

ဝုတ်~ ဝုတ်~

ကားခေါင်းက သူကြီးတို့ခြံထဲချိုးလိုက်သည်နှင့် သမီးကညှာနှစ်ပါး၏ ဆီးကြိုသံကအတိုင်းသားမို့ ပစ်တိုင်းထောင်မျက်နှာထက်မှာ အပြုံးကြီးကြီးဖြစ်ထွန်းလာသည်။

" ဟေး... ဖေ့သမီးတို့... ဖေ့ကိုလွမ်းနေကြတာလား... ဟုတ်လား "

ကားပေါ်ကဆင်းတာနဲ့ သမီးနှစ်ယောက်က အလုအယက်နဲ့တိုးဝှေ့ပြီး ကိုယ်ပေါ်ခုန်တက်သူကတက်၊ ပုဆိုးစကိုကိုက်ဆွဲသူကဆွဲမို့ ပစ်တိုင်းထောင်တစ်ယောက် ခြံရှေ့မှာတင် သမီးနှစ်ယောက်နဲ့ ဒူဝေဝေဖြစ်နေသည်။

မောင်တို့ဆိုလေ ပျားသကာသို့ချိုလှစေ [[ Complete ]]Where stories live. Discover now