အပိုင်း(၁၆) uni

20.8K 1K 85
                                    

မိုးအေးအေးဖြင့် ဆက်နောင်အခန်းထဲတွင် စာကျက်နေလေသည်။ မနေ့က လျှောက်လည် ထားသဖြင့် ဒီနေ့တော့မနက်ခင်းကတည်းကစာလုပ်နေရခြင်းပင်။ သီတင်းကျွတ်ပိတ်ရက်နီးလာသဖြင့် စာမေးပွဲကလဲဖြေရတော့မည်။
သူရိန်နဲ့ဆိုအရင်လိုတောင် မပွေလီဖြစ်ပေ၊ သူကဆယ်တန်းဖြေရမှာဆိုတော့ပိုလို့အရေးကြီးသည်။

အခုလဲ ဆက်နောင် သချင်္ာတွက်နေသည်။ စာလုပ်နေရင်း ကိုကို ကိုခိုးခိုးငေးရတာလဲအမောပင်။ ကိုကိုကသူဖြေထားတဲ့ physic ပုဒ်စာတွေကို စစ်ပေးနေသည်။ မှင်အနီကို ကိုင်ထားသော လက်ချောင်းသွယ်သွယ်လေးများက အကျော
စိမ်းများနှင့် အလွန်လှပလွန်းသည်။ ဆက်နောင် အပိုင်ဖြစ်တဲ့နေ့မှ ထိုလက်ချောင်းသွယ်တို့ကို တမြတ်တနိုးနမ်းရမည်ဟု တေးထားလိုက်သည်။ ဒီလိုလှပချောမောသော ကိုကိုမှာ ရည်းစားမရှိလို့တော်သေးသည်ဟုတွေးမိပြန်နှင့်တစ် ပြိုင်နက် ဆက်နောင် အလန့်တကြားဖြင့် စာလုပ် နေသည်ကိုရပ်တန့်လိုက်မိသည်။

*ရည်းစား ဟုတ်သားပဲ ကိုကိုမှာရည်းစားရှိမရှိငါမသိဘူးပဲ၊ရည်းစားရှိနေရင်ဘယ်လိုလုပ်မလဲ၊မရှိလောက်ဘူးထင်တာပဲ ရှိရင်ဘယ်လိုလုပ်ငါ့
အနားအချိန်ပြည့်နေမှာပဲ ၊ ဟင်ဒါပေမဲ့ ကိုကိုက ၁ပတ်ကို တစ်ခါလောက်ခွင့်ယူပြီး အပြင်သွား
တတ်တယ်လေ ၊ တစ်ခါတစ်လေဆို
အိမ်တောင်ပြန်မအိပ်ဘူး မဟုတ်မှသူ့ရည်းစားနဲ့များ*

*အာ မဖြစ်ရဘူး လုံးဝမဖြစ်ရဘူး *

ဆက်နောင်တစ်ယောက်အတွေးပေါင်းစုံဖြင့်
ခေါင်းများခါရမ်းလျက် မျက်နှာမှာလဲ မကျေနပ် မှုတွေစုဝေးနေတော့သည်။

စစ်သွင်စာစစ်နေရင်းသူ့ဘေးက လှုပ်ယွနေသောသူကိုတစ်ချက်ငဲ့ကြည့်လိုက်တော့ မျက်နှာကြီးနီရဲနေတာ အလိုမကျဟန်အပြည့် ။ စာများမရလို့လားဟုထင်သွားကာ

" ကောင်လေး စာနားမလည်လို့လား "

"........."

ဆက်နောင်စစ်သွင်ပြောသည်ကို မကြားပေ။ သူ့စိတ်အလုံးစုံတွင် စစ်သွင်ရည်းစားရှိနေရင်သူဘာလုပ်ရမလဲသာတွေးနေမိလေသည်။

" ကောင်လေး ကိုယ်ပြောတာကြားလား "

သူ့ပုခုံးကို ကိုင်လျက်မေးလာလေမှဆက်နောင် အသိဝင်လာရလေသည်။ ဆက်နောင်ဆက်တွေးမနေတော့ပဲပေါ်တင်မေးရန်သာဆုံးဖြတ်
လိုက်သည်။ ပြီးတာနဲ့ သူ့ပခုံးပေါ်ကစစ်သွင်
လက်တို့ကိုထပ်ကိုင်လျက်

My Property (complete)Where stories live. Discover now