အပိုင်း(၂၃)uni

17.4K 835 45
                                    

တီတီတီ....

နှစ်ခြိုက်စွာ အိပ်ပျော်နေသော ဆက်နောင် ကို နှောက်ယှက်သူကတော့ ခေါင်းအုံးဘေးက ဖုန်းသံပင်။ ဆက်နောင်မျက်လုံးမဖွင့်ပဲ မျက်ခုံးတန်းများတွန့်ချိုးလျက် ဖုန်းကိုလက်ဖြင့်စမ်းလိုက်
သည်။ ပြီးတာနဲ့ခေါ်ဆို သူကိုပင်မကြည့်တော့ပဲ တန်းကိုင်လိုက်၏

" ဟယ်လို "

အိပ်ချင်မူးတူးခပ်အောအောအသံဖြစ်နေ
သည်။

" သားငယ် ဦးမြင့်ပါ ဒီချိန်ဆိုနိုးလောက်ပြီထင် လို့ဆက်လိုက်တာ သားငယ်အိပ်ချင် သေးရင် နောက်မှပြန်ဆက်မယ်နော် "

" ရတယ် ဦးမြင့် ဘာပြောစရာရှိလို့လဲ "

" သားငယ် ဖေဖေနဲ့မေမေက သဘက်ခါ ၁၈ နှစ်ပြည့်အတွက် ခြံထဲမှာပဲ party လေးစီစဉ် ပြီး အမွှေဆက်ဆံသူအဖြစ် ပွဲထုတ်မလို့တဲ့"

" ကျွန်တော့်မှာ အဖေနဲ့အမေက ရှိသေးတယ် လား"

ဆက်နောင်အသံမှာ လှောင်ရိပ်အပြင် နာကျင်မှုပါရောယှက်နေသေးသည်။

" သားငယ်ရယ် သူတို့တွေက သားကိုချစ် ကြပါတယ်ကွယ် "

" တော်ပါဗျာ ကျွန်တော့်ကိုအချိန်သာပြော လာခဲ့မယ် "

" အင်းပါသားငယ် အချိန်က ညနေ ၆နာရီ "

" ဟုတ်ပြီ ဦးမြင့် ဒါဆိုကျွန်တော်ဖုန်းချပီ "

ဖုန်းချလိုက်ပေမဲ့ ဆက်နောင် ပြန်မအိပ်ဖြစ် ပဲ
သူ့အတွေးတို့က လွန်ခဲ့တဲ့ ၁နှစ်ကိုဖြန့်ကျက် သွားတော့သည်။ စစ်သွင်အိမ်ကထွက်သွား သည့်အတွက် သူခံစားနေရသော အရာတွေအတွက် သူ့မိဘဆိုတဲ့ လူတွေပြောခဲ့သည်က ဝန်ထမ်းတစ်ယောက်အတွက် အရေးမပါတာတွေလုပ်မနေဖို့တစ်ခွန်းတည်းသာ။ ထိုနေ့ကစလို့
သူအပြင်မှာသာ condo ဝယ်၍နေခဲ့ခြင်းပင်။ ဆယ်တန်းကို ဂုဏ်ထူး ၅ဘာသာ ပါခဲ့ပေမဲ့ သူ့
အတွက် ဂုဏ်ယူပေးမဲ့ရေးစစ်သွင်မရှိတဲ့အတွက် အောင်စရင်းကိုရင်မခုန်ခဲ့ပါ။ အဲနောက်ပိုင်း "သက်ထက်မြိုင်" စံအိမ်ကို ခြေဦးတောင်မလှည့်ဖြစ်ခဲ့တာ ၁နှစ်ရှိပြီပင်။ ထိုလူ့အရိပ်တွေ၊အငွေ့အသက်တွေရှိနေတဲ့နေရာမှာ မနေလိုသလို နွေးထွေးမှုမရှိတဲ့ ထိုအိမ်က သူ့အားအထီးကျန်စေသဖြင့် အပြင်မှာ သူရိန်နဲ့အတူနေခဲ့ခြင်းသာ။

My Property (complete)Where stories live. Discover now