အပိုင်း(၂၄) uni

18.1K 901 57
                                    

ဆက်နောင်လက်တို့ တုန်ရီစွာဖြင့် ခေါက်ထားသောစာရွက်လေးကိုဖွင့်ဖတ်လိုက်သည်။
ဖွင့်ဖွင့်ခြင်းမြင်လိုက်ရသည်က ဝိုင်းစက်စီရီနေသော သူနှစ်သက်ခဲ့သည့်လက်ရေးလေးတွေ။ ဒီလက်ရေးလေးကိုပြန်မြင်လိုက်ရတော့သူ့ရင်ထဲ
သိမ့်ကနဲပင်။ စာပါအကြောင်းအရာများကို
သိချင်စိတ်များပြင်းပြစွာဖြင့် ဖတ်လိုက်တော့
သည်။

သို့ .... ကောင်လေး မှအစချီထားသောစာများ
သည်ဆက်နောင်ကို မျက်ရည်ကျစေပြန်၏။

သို့.... ကောင်လေး

ပထမဆုံးပျော်ရွှင်စရာမွေးနေ့လေးဖြစ်ပါစေလို့ ကိုယ်ဆုတောင်းပေးလိုက်ပါတယ်။ဘာလိုလိုနဲ့ကောင်လေးတောင် အသက်ပြည့်လို့ လူကြီးလေးဖြစ်လာပြီနော် အရင်လိုဆိုးနေတုန်းပဲလား ။
အသက်ရလာပြီဆိုတော့ ကလေးလို ဂျစ်တူးလေးလုပ်မနေပဲ လိမ်လိမ်မာမာနေရမယ်နော်။ဆေးလိပ်တွေရောပြန်သောက်နေပြီလား။ ကိုယ့်စကားနားထောင်ပါလားလို့ကောင်လေးကို ပြောချင်ပေမဲ့ အဲအခွင့်အရေးကကိုယ့်မှာရှိသေးရဲ့လားမသေချာဘူး။ ဂတိမတည်ခဲ့တဲ့ ကိုယ့်ကို ကောင်လေးစိတ်နာနေမှာပေါ့။ ကိုယ်ထပ်ပြီးတော့တောင်းပန်ပါတယ် ပြီးတော့ ကောင်လေးကို သတိရနေပါတယ်။ ကောင်လေးကိုတွေ့ချင် ပေမဲ့အခြေအနေက ကိုယ့်ဘက်မှာမရှိသေးဘူးကောင်လေးရယ်။ဒါပေမဲ့ ကိုယ်ယုံကြည်တယ် ကိုယ်တို့ပြန်တွေ့ကြမယ်ဆိုတာကိုပေါ့ ။ အဲ
အချိန်က ဘယ်လောက်ကြာအုန်းမလဲမသိပေမဲ့ ကိုယ်တို့တွေပြန် တွေ့ကြရင် ကောင်လေးကို လူတော်လူလိမ်မာလေးအဖြစ်မြင်ရရင်သိပ် ကောင်းမှာပဲကွာ။ ကောင်လေးဘဝကို တောက်ပနေတဲ့ကြယ်လေးအဖြစ်ကိုယ်ကသိပ်မြင်ချင်ခဲ့တာ ။ ကိုယ့်ကိုစိတ်နာနေတယ်ဆိုရင်တောင် ကောင်လေးက ကိုယ့်အတွက်ကို ကြိုးစားမယ်မို့လား။ ကိုယ်မင်းဘေးမှာမရှိပေမဲ့ ပျော်အောင်နေရမယ်နော်၊ ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းနေမဲ့ ကောင်လေးဘဝကို ကိုယ်မမြင်ရပေမဲ့ ကိုယ်ခံစားကြည့်လို့ရနိုင်ပါတယ်။ပြီးတော့ကောင်လေးကိုတကယ်မေတ္တာပေးနိုင်မဲ့သူရှိလာခဲ့ရင်လဲတန်ဖိုးထားနော်။ အဲတာကြောင့် ကျန်းမာရေးကိုလဲ အထူးဂရုစိုက်ပြီး လိမ်မာအောင်နေပါ ။ ကံကိုမယုံကြည်ပေမဲ့ တစ်နေ့မင်းနဲ့ပြန်ဆုံရမယ်ဆိုတာကိုတော့ ကိုယ်အကြွင်းမဲ့ယုံကြည်တယ်။

My Property (complete)Where stories live. Discover now