ဇာတ်သိမ်းပိုင်း ❗️uni

29.7K 833 79
                                    

စားသောက်ဆိုင်ကြီး၁ခု၏ VIP အခန်းထဲတွင် ဆက်နောင်တို့ ၄ ယောက်ဆုံကာစကားပြောနေကြခြင်းပင်။ သူတို့ရှေ့ဆက်ရမဲ့ အနာဂတ်
အတွက်တိုင်ပင်ကြရတော့မည်။

" မင်းတကယ် ဆုံးဖြတ်လိုက်ပြီပေါ့ "

" ဟုတ်တယ် ဆက်နောင် ခုငါက အိမ်ထောင်သည်ဘဝကိုလဲရောက်သွားပြီဆိုတော့ အကိုနဲ့အတူ အနာဂတ်သစ်တစ်ခုကို တည်ထောင်ရတော့မယ် လေ "

သူရိန်က ဆက်နောင်ကို ပြောနေရင်း
ထက်မြတ်ကို မြတ်နိုးစွာကြည့်လိုက်မိသည်။ ထက်မြတ်ကလဲ ပြုံးလျက်။

" အေးပေါ့လေ အကိုထက်မြတ် မိသားစုကလဲ အဲမှာပဲဆိုတော့ ပြန်သင့်ပါတယ် အဲတာဆို Hotel ကို တစ်ခုဆီ မင်းတို့ဦးစီးလိုက်ကြပေါ့"

" အဲကိစ္စလဲ ငါပြောမလို့ Hotel ကို ငါပဲဦးစီးမှာ အကို့ကို သူဝါသနာပါတာလေးပဲ ငါလုပ်ခိုင်းတော့မလို့ "

" ဟုတ်တယ် အကိုလေး ဒါပေမဲ့စိတ်မပူပါနဲ့ အားတဲ့အချိန်တွေ စရင်းတွေကူလုပ်ပေးမှာပါ "

" ကျွန်တော့်ကို အဲလိုခေါ်မနေပါနဲ့တော့ဗျာ ဆက်နောင်လို့ပဲခေါ်ပါတော့"

ငယ်ငယ်ကတည်းကခေါ်လာတာမို့အကျင့်ကပါနေလေသည်။

" အကျင့်ပါနေလို့ပါ ဆက်နောင် "

" အဲလိုလုပ်ပါဗျ ... ကိုထက်မြတ်တို့ အဆင်ပြေရင်ပြီးတာပါပဲ "

ထက်မြတ်က ဆက်နောင်ကို ပြုံးပြအသိအမှတ် ပြုပြီး စစ်သွင်ကိုကြည့်ကာ

" အကိုစစ်သွင်ရော အစအစအရာရာအဆင်ပြေရဲ့လားဗျ "

" ပြေပါတယ် ကွာ ကိုယ်က မင်းတို့ခုလိုအဆင် ပြေသွားလို့ တကယ်ဝမ်းသာနေတာ "

" ဟုတ်ပ ကိုကို ရာ မဟုတ်ရင် အဲကောင်မူးပြီး
ရစ်သမျှ အမြဲခံနေရမှာ ခွေးလိုနွားလို ငိုယိုနေတာနေ့တိုင်းပဲလေ "

" ဟျောင့် စောက်ပိုတွေပြောမနေနဲ့ မင်းတုန်းကလဲ ဘာထူးလဲ ကိုကို ၊ ကိုကို နဲ့လေ မငိုဘူးလား"

" အောင်မာ မင်းကငါ့ထက်ပိုဆိုးတယ်ကွ "

" ဘူဘူချင်း၁လုပ်မနေနဲ့ မအေဘေး "

My Property (complete)Where stories live. Discover now