အပိုင်း(၇) uni

24.7K 1.2K 30
                                    

နေသူရိန် Center သို့ရောက်နေသည်။ ကျောင်း
ပိတ်ရက်လေးအပြင်ထွက်ဖို့ခေါ်သည်ကို
ဆက်နောက်မလိုက်သဖြင့် ရှိုင်းထက်မြတ်ကို ချောဆွဲလာခဲ့လိုက်ရ၏။ ဒီ Centerက သူကြိုက် တဲ့ brand ဆိုင်အများစုရှိသဖြင့် ခနခန လာဖြစ် သည်။ အခုလဲ ဆိုင် page တွင် အသစ်ရောက်တဲ့ ဘောင်းဘီ နှင့် ဖိနပ်များတင်ထားသဖြင့် လာ
ဝယ်ခြင်းပင်။

" အကိုရှိုင်းထက် လာလေ "

သူရိန်က သူ့နောက်မှလိုက်နေသော ထက်မြတ်ကို လှမ်းခေါ်လိုက်တော့ အနားသို့ရောက်လာလေ
သည်။ သူဝယ်မဲ့ဆိုင်က ၅လွှာမှာဖြစ်သဖြင့် ဓာတ်လှေကားနှင့်မတက်ပဲ စက်လှေကားနှင့်သာတက်ပြီး ကျန်အလွှာတွေကိုလဲ လျှောက်ပတ်
ကြည့်နေခြင်းသာ

" အကို အဆင်ပြေတယ်မို့လားဆက်နောင်နားနေရတာ "

" ဟုတ် အကိုလေးအဆင်ပြေပါတယ်ဗျ"

" ကျွန်တော့်ကို ပုံမှန်ပဲဆက်ဆံပါ ကျွန်တော်က အကို့ထက်အများကြီးငယ်တာပဲ ပြီးတော့ ခုအကို့ကိုခေါ်လာတာကလဲ တစ်ယောက်ထဲသွားရမှာပျင်းလို့ သူငယ်ချင်းအနေနဲ့ခေါ်လာတာ ပီးတော့ကျွန်တော့်ကိုသူရိန်လို့ပဲခေါ်ပါ"

" ဟုတ်ပါပြီသူရိန် "

" အကိုက ခုနောက်ဆုံးနှစ်နော် ဟုတ်လား "

" အင်းဟုတ်တယ် အဝေးသင်တက်လိုက်တာလေ ဒီအလုပ်က အချိန်ပိုင်းထက်လစာရောနေရစားရတာရောပိုအဆင်ပြေလို့"

" ဆက်နောင် ဒဏ်တော့ အတော်ခံရတယ်မို့လား"

" အင်း ကိုယ့်ထက် ကိုစစ်သွင်က ပိုခံရတယ် အကိုလေးက ကိုစစ်သွင်ကိုတော့ တော်တော်လေးအနိုင်ကျင့်တယ် "

ထက်မြတ်ကပြောရင်းနဲ့မှ သူရိန်မျက်နှာလှမ်းကြည့်၍ အားနာနာနှင့်အရှက်ပြေပြုံးကာ ဂုပ်အားပွတ်နေလိုက်သည်။ သူ့သူငယ်ချင်းအရင်းကြီးရှေ့မှာ မကောင်းကြောင်းသွားပြောနေသည်မို့လား။

" ဟားဟား ဘာမှမဖြစ်ပါဘူး အကိုရာ
ဆက်နောင်က ကိုစစ်သွင်အပေါ်တော့တကယ်
လွန်ပါတယ် "

ထိုအခါမှ ထက်မြတ်လဲ တော်ပါသေးသည်ဟုတွေး၍ သက်ပြင်းချရလေသည်။ ဒီကောင်လေးတွေကသိပ်လွယ်တာမဟုတ်၊ တော်သေးသည်က သူရိန်က ဆက်နောင်လိုတော့မဟုတ်ပေ ၊ သူ့ဘာသာသူဆိုအေးဆေးပဲနေကာ လူလိမ္မာလေးပင် ဆက်နောင်နဲ့တွေ့မှသာ ဆိုးသွားရခြင်းသာ ။

My Property (complete)Where stories live. Discover now