အပိုင်း(၈) zawgyi

5.8K 106 2
                                    

" ထက်မြတ်နေအုန်း "

" ဗျာကိုစစ်သွင် ဘာလို့လဲ "

ကားပေါ်တက်ခါနီး ထက်မြတ်ကို ထမင်းဘူးလေးကိုင်ကာ ပြေးထွက်လာပြီး စစ်သွင် တား
လိုက်ရသည်။

" ကိုယ်လိုက်ခဲ့မယ် ၊ ကောင်လေးကို ထမင်းကျွေးမလို့"

" အကိုလေးက နေ့လည်မတက်တော့ဘူးဆိုလို့သွားပြန်ခေါ်မလို့လေ "

" အင်းသိတယ် နေ့လည်ကျောင်းမပျက်
အောင်တားမလို့ "

" ဖြစ်ပါမလား ကိုစစ်သွင်ရယ် ပြသာနာအရှာခံရရင်ကျောင်းမှာ အရှက်ကွဲလိမ့်မယ်နော် "

" ကဲပါကွာ သွားမယ် ဘာမှမဖြစ်ဘူး "

" ကိုယ့်လူကိုနိုင်ရင်လဲ ပြီးတာပါပဲ"

ဒီလိုနဲ့ပင် စစ်သွင်နဲ့ထက်မြတ်ကျောင်းသို့ထွက် လာခဲ့လိုက်လေသည်။

" ဒီနေ့လဲမိုးရွာအုံးမယ်နဲ့တူတယ် "

" အင်း ကိုယ်လဲလောလောနဲ့ဆိုတော့ ထီးမယူခဲ့လိုက်ရဘူး ၊ ညနေလာရင်ထီးယူပြီး အတန်းရှေ့ထိလာကြိုနော် မိုးမိရင်ကောင်လေးဖျားမှာစိုးလို့"

" ဟုတ်ကဲ့ပါဗျာ "

စစ်သွင် ကျောင်းရှေ့ရောက်တာနဲ့  ဆက်နောင်အတန်းရှေ့အမြန်ပြေးရလေသည်။ ထမင်းစားဆင်းဖို့ ၁၅ မိနစ်သာလိုတော့သည်။ မိုးကလဲဖွဲဖွဲလေးကျနေရာကနေ တဖြည်းဖြည်းသဲလာသဖြင့်ကျောင်းဆောင်တွေအတွင်းရောက်အောင်ပြေးရပြန်သည်။ အတန်းရှေ့ရောက်တော့ ဆက်နောင် ထိုင်ခုံနေရာကိုကြည့်မိတော့ ထူးဆန်းစွာဒီနေ့တော့အိပ်မနေ ၊ ရှေ့ကစာအုပ်တစ်အုပ်ကိုလျှောက်ခြစ်နေသဖြင့် စာလုပ်နေတာတော့မဟုတ်ပေ။ ကျောင်းဆင်းတော့ ဆက်နောင်ထွက်လာလေသည်။ စစ်သွင်ကိုတွေ့တော့ အံ့ဩသွားပြီး ခနအတွင်း မျက်နှာတည်ကြီးနဲ့ စိုက်ကြည့်နေလေသည်။

" ကောင်လေးအတွက် နေ့လည်စာလာပို့တာ "

တံခါးဘေးတွင် မျက်နှာခြင်းဆိုင်လျက်ပြောနေလေရာ ကျောင်းသားတွေကတော့ ရှောင်ကွင်းသွားကြလေသည်။ ဘေးဖယ်ပေးဖို့တော့မပြောကြသဖြင့် စစ်သွင်ကပဲ ဆက်နောင်လက်ကိုဆွဲကာ လူရှင်းတဲ့နေရာသို့ခေါ်လာခဲ့လိုက်သည်။

My Property (complete)Where stories live. Discover now