အပိုင်း(၃၄)❗️zawgyi

4.5K 66 2
                                    

Warning ⚠️ ‼️ မှောင်ပါမယ်နော်❤️
သဘောမကျရင် နောက်ဆုံးအပိုဒ်လေးကျော်
ဖတ်ပါရှင့် 🩵

စစ်သွင် အမေတို့အိမ်ကို သောကြာနေ့ညနေကျောင်းဆင်းကတည်းက လိုက်ပို့ခိုင်းခဲ့သည်။
သူအိမ်သိပ်ပြန်မလာ၍ မေမေက အိမ်လိုက်လာခဲ့ရာ သူမရှိချိန်ဖြစ်နေကာဆက်နောင်နဲ့တွေ့သွား၏။ တွေ့ရုံတင်မက tv ဘေးက အတူတွဲရိုက်ကာ ထုတ်ထားသော ဓာတ်ပုံတွေကိုပါမြင် တွေ့သွားသည်။နောက်ဆုံးတော့မေမေတို့အား အသိပေးရတော့မည့်အချိန်ရောက်လေပြီ။

ထို့ကြောင့် အခုစနေနေ့တွင်မေမေတို့အား ဧည့်သည်လာမည်ဟုကြိုပြောထားလိုက်သည်။မေမေကတော့ ဘယ်ချိန်လာမလဲ နေ့လည်လာမှာဆို ထမင်းပါကျွေးရအောင်ဆိုကာချက်ပြုတ် နေ၏။ စစ်သွင်ရင်ခုန်နေသည်။ အသက် ၂၈ ကျမှ ချစ်သူနဲ့မိတ်ဆက်ပေးရခြင်းဖြစ်ကာ
ယောကျာ်းလေးပါဖြစ်နေသဖြင့် မေမေလက်ခံပမလား။ ဓာတ်ပုံတွေက သာမာန်မဟုတ်ပဲ ပါးနမ်းနေသောပုံများ နှုတ်ခမ်းထိထားသောပုံများအရ ဘာလဲဆိုတာသိပေမဲ့ ခုထိသူ့ကိုတော့ထုတ်မမေးပေ။သူပြောလာတာကိုပဲ စောင့်နေသည်လားမသိ။

" သားလေး မင်းသူငယ်ချင်းလာတော့မှာလား မေမေဟင်းရည်လေးနွေးထားမလို့ "

မေမေက ဧည့်ခန်းတွင်ထိုင်နေသော သူ့အား မီးဖိုချောင်ထဲမှလှမ်းအော်မေးနေသည်။

" ထွက်လာပြီလို့တော့ပြောတယ်မေမေ ဒါနဲ့
အန်ကယ်ဘယ်မှာလဲ "

" market မှာအသီးဝယ်ခိုင်းလိုက်တယ် "

" မေမေရယ် အထူးအလည်ကြီးလုပ်စရာမလိုပါဘူး "

" သားရယ် ဒီရောက်ကတည်းက Jack ကလွဲရင် ဘယ်သူ့မှခေါ်မလာဖူးလို့လေ ဒါကြောင့် သားရဲ့ VIP ဧည့်သည်များလားလို့ပါ "

" မေမေကလဲ "

Ring....Ring ...

" ရောက်ပြီထင်တယ် ဖုန်းခေါ်လာပြီ "

" အေးအေးသား "

မေမေ့ကိုပြောပြီးတာနဲ့ဖုန်းတန်းကိုင်လိုက်တော့၏။

" ဟယ်လို ကောင်လေး "

" ကိုကို ကျွန်တော်ရောက်ပြီဗျ ထွက်ခေါ်ပါအုန်း"

My Property (complete)Where stories live. Discover now