အပိုင်း(၁၉)uni

17.8K 891 51
                                    

စစ်သွင် ပန်းခြံထဲတွင်ထိုင်လျက် ပြန်စဉ်းစားနေမိပြန်သည်။ မနေ့ညက ကောင်လေးအားချော့မော့ကာအခန်းပြန်ပို့ခဲ့ပြီး သူကတော့ တွေးစရာများပြည့်နက်နေလျက် မိုးလင်းမှသာအိပ်ပျော်ခဲ့၏။သူ့ကို ချစ်သူလို ချစ်ပါတယ်ဟု ဖွင့်ဟလာသောကောင်လေးကြောင့် သူဘာဆက်လုပ်သင့်သလဲတွေးရင်းဆုံးဖြတ်ချက်တစ်ခုချခဲ့လေ
သည်။

ဆက်နောင်ကိုလဲ မနာကျင်စေချင်ပါ၊၃လလောက်သာလိုတော့သောစာမေးပွဲကြောင့်
ကောင်လေးကိုစိတ်အနှောက်အယှက်မရစေချင်။သူ့ကြောင့်နဲ့ ပညာရေးကို ထိခိုက်မှာအလွန် စိုးရိမ်ရသည်။ထို့ကြောင့် သူတွေးလိုက်သည်မှာ နေမြဲအတိုင်းသာဆက်နေမည်။အချိန်တန်ရင်သူ့ကိုအလိုလိုမေ့သွားလိမ့်မည်။အထက်တန်းပြီးတဲ့အခါ ရှေ့ဆက်ရမဲ့ဘဝတွင် လူပေါင်းစုံနဲ့တွေ့ရ
မည်ထိုအခါကောင်လေးစိတ်ပြောင်းသွားလိမ့်
မည်။ခုချိန်မှာနားချလျှင်ရမည်မထင်ပေ။ ဆယ်ကျော်သက်အရွယ် ရင်ခုန်မှုတွေက မိုက်ရူးရဲဆန်တတ်ကြ၏။

ပြီးတော့ သူလဲ စံအိမ်ကြီးမှာ နေဖို့သိပ်မကျန် တော့ပေ။ဆက်နောင်ဆယ်တန်းပြီးလျှင်သူထွက် သွားရတော့မည်။ သူ့ဘဝသူရှေ့ဆက်ရအုန်းမည်။ မေမေနဲ့ပြန်တွေ့နိုင်ရန်ကြိုးစားရမည်။ဒါကြောင့် ကောင်လေးက အချိန်တန်ရင် သူ့ကိုမေ့သွားလိမ့်မည်။ ခုလတွေအတွင်းတော့
ကောင်လေးစိတ်ချမ်းသာအောင်သာ အလိုက်အထိုက်နေပေးမည်ဟုသူဆုံးဖြတ်လိုက်လေ
သည်။

မကြာခင် ဆက်နောင်နဲ့ခွဲခွါရတော့မည့်
အကြောင်းတွေးမိလျှင် စစ်သွင် စိတ်မကောင်း
ဖြစ်ရသည်။ ၂နှစ်ဆိုတဲ့အချိန်က ခနလေးလိုပင်။ကောင်လေးနဲ့ကတော့ ၂နှစ်ဆိုတဲ့အချိန်အတွင်း သွေးသားအရင်းတွေထပ်ပင်ပို၍ရင်းနှီးခဲ့လေသည်။ စားအတူ ၊ သွားအတူ ၊ အိပ်အတူ ပင်။ သူ့အနားအမြဲကပ်တွယ်တတ်သောကြောင် ပေါက်လေး၊ အမြဲဂျီကျတတ်သောကြောင်ပေါက်လေး၊ သူ့အား အနိုင်သိပ်ကျင့်ချင်တဲ့ကြောင် ပေါက်လေး ထိုမျှချစ်စရာကောင်းလှသော
ကောင်လေးကို သူဘယ်လိုထားခဲ့ရနိုင်ပါမလဲ။သူမရှိတော့ရင် အရင်လိုပြန်ဆိုးမှာကိုလဲ စိုးရိမ်ရပါသည်။ သူထွက်သွားမည်ကိုရော ဘယ်လိုပြောပြရမှန်းမလဲ စစ်သွင်မသိသေးပါ။ သူကိုယ် တိုင်လဲ ဆက်နောင်နားကနေ ဘယ်ကိုမှမသွား
ချင်ပါ ၊ အတူရှိခဲ့ ၂နှစ်အတွင်း ဒီကောင်လေးအပေါ် အလွန်သံယောဇဉ်ဖြစ်နေမိပြီလေ။

My Property (complete)Where stories live. Discover now