အပိုင်း(၁၈)uni

18.7K 949 95
                                    

ည ၁၂ ထိုးသည်အထိဆက်နောင်အိပ်ယာမဝင် သေးပါ။ နီးကပ်လာသော စာမေးပွဲကြီးအတွက်
အားသွန်ခွန်စိုက်ကြိုးစားနေရသည်။အရင်ကလိုသာဆိုအောင်ပြီးရောသာနေဖြစ်မှာပင်။ခုကတော့မရတော့ပါ စစ်သွင်ကို ကတိပေးသလို ၅ဘာသာပါအောင်ကြိုးစားရမည်။

အရင်ရက်တွေကဆို စစ်သွင်ပါမအိပ်ပဲစာကူ
လုပ်ပေးနေကြပေမဲ့ ဒီနေ့တော့ ခေါင်းမူးနေသဖြင့် စောစောအိပ်ယာဝင်သွားလေသည်။ ဆက်နောင်ကတော့ မအိပ်ပဲဇွဲရှိရှိစာဆက်လုပ်နေခြင်းသာ။ ဒီနေ့သူအပြီးလုပ်ရမဲ့ မေးခွန်းဟောင်းတွေတွက်ပြီးတော့မှနားဖြစ်သည်။ အချိန်က ၁နာရီထိုးနေပြီပင်။ဆက်နောင် စားပွဲမှ ထကာအကျော ဆန့်ပြီး ကုတင်ပေါ် ပြစ်လှဲလိုက်သည်။

" အားးညောင်းလိုက်တာကွာ "

ည၈နာရီကတည်းက ၅နာရီဆက်တိုက်မနားတန်းလုပ်လိုက်ရသဖြင့် အတော်ပင် ညောင်းညာကိုက် ခဲနေတော့သည်။မနက်ကျောင်းမသွားရလို့သာတော်တော့သည်။ စာမေးပွဲကပ်လာသဖြင့်
ကျောင်းမသွားပဲ အိမ်မှာနေချင်လဲဖြစ်သည်။ ဆက်နောင်ကတော့ အိမ်မှာနေချင် သူဖြစ်သဖြင့် အိမ်မှာပဲ စစ်သွင်နားအမြဲကပ်နေတတ်ကာနေဖြစ်၏။ ကုတင်ပေါ်တွင် အကျောဆန့်ပြီးတာနဲ့
ခေါင်းအုံးလေးကိုင်ကာ စစ်သွင်အခန်းသို့ဆင်းလာခဲ့လိုက်သည်။

အခန်းထဲရောက်တော့ ကုတင်ပေါ်တွင် အေးချမ်းစွာအိပ်ပျော်နေသော စစ်သွင်ကြောင့် ခြေသံဖွဖွ
နင်းကာကုတင်ဆီလျှောက်လာလိုက်ပြီးတစ်ဖက် သို့နေရာဝင်ယူလိုက်သည်။ ပြီးသည်နှင့် စစ်သွင် ဘက် တစ်ခြမ်းစောင်းလှဲအိပ်ကာ တစ်တောင်
ဆစ်ဖြင့်ထောက်ထား၍ လက်ဖဝါးပေါ်မေးတင် လျက်စစ်သွင်ကိုငေးကြည့်နေမိသည်။

" ကိုကို ကသိပ်လှတာပဲ "

ဆက်နောင် အသံတိုးဖွဖွဖြင့်ဆိုမိသည်။
မျက်လုံးများမှေးစင်းကာ အိပ်ပျော်နေသော
စစ်သွင်မျက်နှာလေးမှာ အတော်ပင်ချောမောလှပနေလွန်းသည်။ မျက်တောင်ရှည်များ နဲ့ သွေးကျောလေးများ ဖြတ်ပြေးနေသော ပါးလေးတွေကလဲ ဆွဲဆောင်မှုရှိလွန်းသည်။ ပါးလေးတွေမှတစ်ဆင့် နှုတ်ခမ်းဖူးဖူးဆီ ဆက်နောင်အကြည့်ရောက်သွားလေသည်။ ဆိုးဆေးများပင်မလို နဂိုနီရဲနေသော နှုတ်ခမ်းပါးများက ဆက်နောင်ကို လွန်စွာ စိတ်ရှုပ်ရှားစေသည်။

My Property (complete)Where stories live. Discover now