ထုံးစံအတိုင်းစစ်သွင် မီးဖိုချောင်တွင် မနက်စာ
ပြင်နေလေသည်။ အကုန်ပြင်ဆင်ပြီးတာနဲ့ ဆက်နောင်ကိုနိုးရန်သူ့အခန်းဆီတက်ခဲ့လိုက် သည်။ မနက်တိုင်းလုပ်နေကျလိုပင်အခန်းထဲရောက်တာနဲ့ ရေချိုးဖို့ရာအဆင်သင့်ပြင်ဆင်ပေးပြီးရင်တော့ ဆက်နောင်ကိုနိုးရန်ပင်။" ကောင်လေး ထတော့ "
ခေါင်းမူးခြုံထားသော စောင်ကို ဆွဲလှန်တော့ အတင်းပြန်ဆွဲထားသည်။ စစ်သွင်ပြန်ဆွဲထားတဲ့ လက်တွေကို ခပ်ဆတ်ဆတ်လေးရိုက်ချလိုက် တော့
" အ "
" မှတ်ပီလား ထတော့ ကျောင်းနောက်ကျတော့
မယ်"" အကိုကလဲဗျာ "
ဆက်နောင်မှာမနေ့ညကလဲ မနက်၃နာရီကျော်မှသာပြန်အိပ်ပျော်သဖြင့် အိပ်ရေးလုံးဝမဝပေ။ ခုလဲမထပဲ စောင်ကြီးပတ်ပြီး ကုတင်ပေါ်တင်ဟိုဘက်လိမ့်ဒီဘက်လိမ့်လုပ်နေလိုက်သည်။
" မနက်ဆို သိပ်နိုးရခက်တာပဲ ထတော့နော်
ကောင်လေး "" ......."
" ဒီအဝတ်တွေက ဘယ်ချိန်ကချွတ်ချထားတာလဲ၊ မင်းကို ကိုယ်ဘာပြောထားလဲ တွေ့တဲ့နေရာချွတ်မချပဲတောင်းထဲထည့်ပါလို့ "
စစ်သွင်ကတော့ ပွစိပွစိပြောရင်းလိုက်သိမ်းနေလေသည်။ ဆက်နောင်လဲ နားညီးလာသဖြင့်
ဆက်မအိပ်နိုင်တော့ပဲ ထထိုင်ကာခေါင်းကို ကုပ်လျက် မျက်နှာက မဲ့ရွဲ့နေတော့သည်။
ပီးတာနဲ့ စောင်တွေဆောင့်အောင့်စွာဖယ်ပြီးမတ် တပ်ထရပ်လိုက်တော့သည်။ ခုထိမျက်လုံးကကောင်းကောင်းမပွင့်သေးပဲမတ်တပ်ကြီးရပ်
လျက် လက်ခုံဖြင့်မျက်လုံးကိုပွတ်သတ်နေသည်။" ဟော ဘယ်တုံးက အကျီတွေက ချွတ်ထားတာလဲ အဲကွန်းကလဲအအေးဆုံးဖွင့်ထားပြီး အကျီကမပါ ဘောင်းဘီကမပါ မင်းတော့ အဆုတ်အအေးပတ်တော့မယ် "
" ဟင် "
ဆက်နောင်ခုမှ သူ့ကိုသူကြည့်မိတော့အပေါ်ပိုင်းဗလာနဲ့ boxer အတိုလေးသာဝတ်ထားသည်။ညကအဖြစ်အပျက်တွေကို သတိရလာပြီး ပူထူသွားတော့သည်။ သူညက အိမ်မက်တွေမက်ပြီး အကို့ကို ....
YOU ARE READING
My Property (complete)
Romance"သက်ထက်မြိုင်" စံအိမ်ကြီးရဲ့သခင်လေး အသက်၁၅ နှစ်အရွယ် မာန်ဆက်နောင်ကို ဆိုးလွန်းလို့ ထိန်းကျောင်းရန်အတွက် ရေးစစ်သွင်ဆိုတဲ့အထိန်းတော် တစ်ယောက် ရောက်ရှိလာပါတယ်။ သခင်လေးနဲ့အထိန်းတော် ဘယ်လိုတွေစခန်းသွားမလဲ emma နဲ့အတူ လိုက်ပါ စီးမျောလိုက်ရအောင်နော်❤️ Star...