(.5 ) ခံထားတဲ့အပိုင်းတွေက Mature Scenes တွေပါ မဖတ်ချင်တဲ့သူတွေ ကျော်လို့ရအောင်
သက်သက်တင်ပေးတာပါ။ plus ခန်းကိုကျော်ပြီးနောက်တစ်ပိုင်းဖတ်လဲရပါတယ် ။ ဒီအပိုင်းက plus ခန်းသီးသန့်မို့ပါ။Warning ‼️ 🩵 plus ခန်းတွေနဲ့ ပတ်သတ်ပြီး sensitive ဖြစ်တယ်ဆို ကျော်ဖတ်လို့ရပါတယ်ရှင့် ❤️ ဒီ fic လေးကိုအစထဲက warning ပေးပြီးသားမို့ negative thinking မထားဖို့ရာ မေတ္တာရပ်ခံပါရစေ ။ emma က အချစ်ကတစ်ဆင့်ဖြစ် လာတဲ့ တပ်မက်မှုတွေမို့ အသေးစိတ်ပုံဖော်ပြီးတစ်ဆင့်ခြင်းရေးဖြစ်မှာပါ။နောက်အပိုင်းတွေမှာလဲ plus ခန်းတွေပါလာတော့မှာမို့ကြိုသတိပေးခြင်းပါ❤️
..................ထက်မြတ် နဲ့ သူရိန် တို့ မူးနေကြ၍ အငှါးယာဉ် မောင်းဖြင့်သာနဒီနွယ်ကို Hotel သို့ပြန်ပို့ပေးပြီးမှ သူတို့လဲအိမ်ပြန်ခဲ့ကြသည်။ နှစ်ယောက်လုံးအတော်ပင် ပလပ်ကျွတ်နေကြ၏။ အိမ်ထဲ ရောက်တာနဲ့ ထက်မြတ်ကဧည့်ခန်းဆိုဖာပေါ်တွင် ပတ်လက်လှန်ချလိုက်သည်။
" ဟင်းး ခေါင်းတွေမူးလိုက်တာ "
အသောက်လွန် လစ်မစ်ကျော်ကာ ခေါင်းမူးနေ၍ ဆိုဖာပေါ်တွင် ညည်းနေ၏။ သူရိန်ကတော့ဆိုဖာ တွင် ခြေပစ်လက်ပစ်လှဲနေသော ထက်မြတ်ကိုလက်မှဆွဲထူကာ
" အကို ထ ဒီမှာအိပ်ရင် ခါးနာလိမ့်မယ် အခန်းထဲသွားမယ်"
သူရိန်အသံဟာလဲ မူမမှန် လုံးထွေးနေ၏။ ထက်မြတ်လောက် လစ်မစ်မလွန်သေးပေမဲ့လဲ သူလဲမူးနေသည်။
" ကြားလားလို့ ထတော့ ကျွန်တော်လဲ အိပ်ချင်
နေ....အ"လက်ကနေ ဆွဲထူနေတာကို မထပဲ တောင့်ထားပြီးမှ လျော့ချလိုက်သဖြင့် သူရိန် မထိန်းနိုင်တော့ပဲ ထက်မြတ်အပေါ် မှောက်ယှက်လဲကျသွားလေသည်။ လက်ကို အလျင်အမြန်ဆိုဖာကိုထောက် လိုက်နိုင်လို့တော်တော့သည် မဟုတ်လျှင် ထက်မြတ် နဖူးနဲ့သူ့မေးစေ့မိတ်ဆက်နေလောက်ပြီ။ အနေအထားဟာ ဆိုလျှင်ဖြင့် နှစ်ယောက်သားဟာ ထပ်လျက်ဖြစ်ပြီး
ထက်မြတ်ခေါင်း တစ်ဖက် တစ်ချပ်ဆီမှာ
သူရိန်က လက်ထောက်၍ အုပ်မိုးထားဟန်။ထက်မြတ်ဟာလဲ လန့်သွားသဖြင့် မှိတ်ထားသော မျက်လုံးတို့ကို ဖြည်းဖြည်းခြင်းဖွင့်ကြည့်လိုက်တော့ သူ့အားရီဝေစွာ စိုက်ကြည့်နေသော မျက်ဝန်းတစ်စုံနဲ့ ဆုံမိသွား၏။ ထက်မြတ် မျက်ဝန်းတွေဟာလဲ ဝေဝါးစွာ မူးယစ်နေသည်။
အရက်သောက်ထား၍ နှစ်ယောက်လုံးရဲ့ မျက်နှာတွေဟာလဲ ပန်းရောင်သန်းနေ၏။
YOU ARE READING
My Property (complete)
Romance"သက်ထက်မြိုင်" စံအိမ်ကြီးရဲ့သခင်လေး အသက်၁၅ နှစ်အရွယ် မာန်ဆက်နောင်ကို ဆိုးလွန်းလို့ ထိန်းကျောင်းရန်အတွက် ရေးစစ်သွင်ဆိုတဲ့အထိန်းတော် တစ်ယောက် ရောက်ရှိလာပါတယ်။ သခင်လေးနဲ့အထိန်းတော် ဘယ်လိုတွေစခန်းသွားမလဲ emma နဲ့အတူ လိုက်ပါ စီးမျောလိုက်ရအောင်နော်❤️ Star...