ဧည့်ခန်းဆိုဖာပေါ်တွင်ထိုင်လျက် Tv ဖွင့်ထားပြီးTv တွင်စိတ်မရှိ ။ တိုင်ကပ်နာရီကိုသာ ခနတိုင်းကြည့်နေမိပြီး အချိန်တွေကို ရေတွက်နေမိ
သည်။ ည ၁၁ နာရီပင်ကျော်လေပြီ ။ တကယ်ပဲ ဆက်နောင်က နေ့လည်ကပြောသလို နဒီနွယ်နဲ့ Hotel လိုက်သွားသည်လား။ စစ်သွင်ထိုကိစ္စအား တနုံ့နုံ့နှင့်တွေးကာ လုပ်စရာရှိသော စာများကိုပင်မလုပ်နိုင်ဖြစ်နေရသည်။ လိုက်မသွားနဲ့ဟုပြောလိုက်ရင်ကောင်းသားဟုလဲ အကြိမ်ကြိမ် တွေးနေမိ၏။ သူ့ကိုကောင်လေးက မချစ်တော့ဘူးလားဟုသောအတွေးတွေကလဲ ဝင်ရောက်စိုးမိုးနေသည်။ မချစ်တော့ရင်ရော ဘာဖြစ်သလဲ ပြန်တွေးလိုက်မိပေမဲ့ အဲအတွေးက သူ့နှလုံးသားတစ်နေရာကိုနာကျင်စေသည်။တီတီတီ ....
သူ့အတွေးတို့ကို အခန်းတံခါး password ရိုက်သံကဖြိုခွဲသွားသည်။ ဆက်နောင်ပြန်လာပြီဆိုတာ သိတာနဲ့ စစ်သွင်မှာ မဖုံးနိုင်မဖိနိုင်ပဲ ပျော်ရွှင် သွားရ၏။ စစ်သွင် Tv လိုင်းတစ်ခုအားပြောင်းကာ ဟန်ကိုထိန်း၍ မူမပျက်ပြန်နေလိုက်ပြီးလာနေသော ဇာတ်ကားထံ စိတ်မပါပေမဲ့အကြည့်ပို့ထားလိုက်သည်။
သူရိန်ရဲ့ အသဲကွဲဖြစ်စဉ်ကြောင့် bar မှာလိုက်
ထိန်းပေး၍ ဆက်နောင် နောက်ကျမှအိမ်ပြန်ခဲ့
သည်။ အစက အပြင်မှာအိပ်ဖို့တွေးထားပေမဲ့
စစ်သွင် နဲ့ သူရှင်းစရာရှိတာရှင်းဖို့အိမ်ပြန်လာခဲ့ခြင်းသာ။ သူအိမ်ထဲဝင်ဝင်ခြင်း ဧည့်ခန်းထဲတွင် ခြေချိတ်ထိုင်ကာ ဇာတ်ကားကြည့်နေသော
စစ်သွင်ကိုမြင်လိုက်ရသည်။ ဆက်နောင်လဲ
စစ်သွင် ညာဘက်ဘေးဆိုဖာတွင်ဝင်ထိုင်လိုက် သည်။ သူထိုင်နေသည်အထိ လူကြီးလေးကသူ့အားလှည့်မလာပေ။" အဟမ်း "
ဆက်နောင်ချောင်းတစ်ချက်ဟန့်လိုက်သော်လဲ လှည့်မကြည့်သေးပေ။ tv ထံတွင်သာ အကြည့်ကပို့ထားသည်။
" အဟွက် "
" အဟင်း "
ဆက်နောင်မှာ အာမေဋိတ်သံမျိုးစုံပေးလိုက်ရ၍ တကယ်ပင် လည်ချောင်းယား၍ချောင်းဆိုးမိတော့၏။
" အဟွက် အဟွက် "
" ရော့ "
သူ့ရှေ့သို့တိုးပေးလာသော ရေသန့်ဘူးတစ်ဘူး နဲ့အတူ အကြည့်စူးစူးတစ်စုံ။ လည်ချောင်းယားသွားသဖြင့် ဆက်နောင်အရင်ဆုံးရေသောက်
လျက် လည်ချောင်းအရင်ရှင်းလိုက်ရသည်။
YOU ARE READING
My Property (complete)
Romance"သက်ထက်မြိုင်" စံအိမ်ကြီးရဲ့သခင်လေး အသက်၁၅ နှစ်အရွယ် မာန်ဆက်နောင်ကို ဆိုးလွန်းလို့ ထိန်းကျောင်းရန်အတွက် ရေးစစ်သွင်ဆိုတဲ့အထိန်းတော် တစ်ယောက် ရောက်ရှိလာပါတယ်။ သခင်လေးနဲ့အထိန်းတော် ဘယ်လိုတွေစခန်းသွားမလဲ emma နဲ့အတူ လိုက်ပါ စီးမျောလိုက်ရအောင်နော်❤️ Star...