အပိုင်း(၂၆ ) uni

20.6K 1K 65
                                    

စစ်သွင်မှာ လွန်ခဲ့တဲ့ ၅ နှစ် ဆက်နောင်အိမ်စစရောက်ခြင်းကလို ဖြစ်နေလေပြီ ။ ကောင်လေးက သူ့ကို အနိုင်ပြန်ကျင့်နေသည်။သူ့ကိုစာသင် ပေးနေတဲ့ ဆရာဆိုတာတောင် မေ့နေလောက်သည်ထင်၏။ စစ်သွင်ကလဲ အကျင့်ပါနေစွာဖြင့် ဆက်နောင် အနိုင်ကျင့်သမျှကို ကျေနပ်စွာခံယူပေးသည်။သူတို့ cafe ဆိုင်တွင် စကားပြောပြီးကြတဲ့ အချိန်ကနေ ၁လအတွင်း ဆက်နောင်က သူ့အားပညာပြသည်။ မနက်ခင်းတိုင်း ကျောင်းမသွားမှီ ကောင်လေးအိမ်ကိုသွားကာ မနက်စာပြင် ပေးရ၏။ သူနေတဲ့ တိုက်ခန်းနဲ့ နဲနဲဝေးတော့ မနက်အစောကြီးထကာပြင်ပေးရ၏။ နေ့လည် စာကိုလဲ ထမင်းစာဆောင်ထဲတွင် ဆက်နောင်က အဆင်သင့်ထိုင်နေပြီး စစ်သွင်ကပဲ အကုန်ထယူပြီး အဆင်သင့်ချပေးရသည်။စားပြီးလျှင်လဲ  Bubble tea ပါအပြေးသွားဝယ်ပေးရသေး၏။ တစ်ခါတစ်လေ ပြန်တွေးရသေး၏ သူငါ့ကို
ကြိုက်နေသေးတာသေချာရဲ့လားလို့ပေါ့။

Aron ကတောင် မေးနေပြီ။ အသေးစိတ်မဟုတ် ပေမဲ့ အနဲအကျဉ်းတော့ရှင်းပြထားရသေး၏။ လူဖြူကောင် Jack ကတော့ လာတွေ့မယ်ပဲလုပ် နေလို့ တားထားရသေးသည်။ Jack ကလဲ company တစ်ခုမှာအလုပ်ဝင်နေပြီမို့ အရင်လို မတွေ့ဖြစ်ကြပါ။

ဒီနေ့လဲ နေ့လည် ၂နာရီနောက်ပိုင်း အတန်းချိန်မရှိသဖြင့် ဆက်နောင်က သူနဲ့အတူ တိုက်ခန်းလိုက်မည်ဆိုသဖြင့် ခေါ်လာရပြန်သည်။ တိုက်ခန်းက စစ်သွင် တစ်ယောက်ထဲအတွက်တော့ အဆင်ပြေလှသည်။ ရေချိုးခန်းအိမ်ယာတွဲရက် ပါသော အိပ်ခန်းတစ်ခန်း ၊ မီးဖိုချောင် နှင့် ဧည့်ခန်းအသေးပါတစ်ခုပါရှိသည်။ တံခါးဖွင့်ဖွင့်ခြင်းမြင်ရသည်က သန့်ရှင်းနေသော ဧည့်ခန်းလေး ပင်။ ညာဘက်လျှောက်လမ်းမှာတော့ အိပ်ခန်းနဲ့ မီးဖိုချောင်ရှိ၏။

" ကောင်လေး ခနထိုင်အုန်းနော် "

" အင်း "

ဆက်နောင် ဧည့်ခန်းလေးထဲ လျှောက်ကြည့်နေမိသည်။ Tv စင်ပေါ်က စစ်သွင်ဘွဲ့ယူတုန်းက ဓာတ်ပုံလေးကို ကိုင်ကြည့်ရင်း ပြုံးလိုက်မိသည်။ နောက်တစ်ပုံကသူ့အမေနဲ့ရိုက်ထားသောပုံဖြစ်ရမည်။ ပြုံးနေတဲ့အပြုံးတွေက အစဆင်တူလွန်းသည်။ တကယ့်အမေတူသား
ပင်။ စစ်သွင်ရဲ့ ပထွေးဖြစ်သူ နိုင်ငံခြားသားပုံလဲတွေ့ရ၏။

My Property (complete)Where stories live. Discover now