အပိုင်း(၂၅) uni

19.1K 887 46
                                    

ဆက်နောင် လန်ဒန်ကို ရောက်နေတာ ၃လခန့်ရှိလေပြီ။ ပုန်းနေသူက လုံအောင်ပုန်းတတ်ပေမဲ့ ရှာတဲ့သူကတော်လွန်းတော့လဲရှာတွေ့ခဲ့၏။ ဘယ်လိုရှာတွေ့သွားသလဲဆိုရင်တော့ ပထမနှစ်မွေးနေ့က လာပို့တဲ့ လူကိုရှာတွေ့ခဲ့ပေမဲ့ တိကျတဲ့လိပ်စာမရခဲ့ပေ။ deli ရုံးကိုသိခဲ့ပေမဲ့ ပို့ဆောင်သူအချက်အလက်တွေက ရေးစစ်သွင်နာမည်နဲ့မဟုတ်ပေ။ ပို့သူကိုလဲ စုံစမ်းဖို့မလွယ်ခဲ့။ ဒုတိယ တစ်နှစ်မှာလဲ ဆက်နောင်မွေးနေ့မှာပါဆယ်ထုတ် ရခဲ့သည်။ဒီတစ်ခါမှာတော့ ပြည်ပက ပါဆယ် ဖြစ်မှန်းစုံစမ်းလို့ရခဲ့ပေမဲ့ကောက်ရိုးပုံထဲအပ်ပျောက်ရှာတာမှလွယ်ကူအုန်းမည်ပင်။
ဆက်နောင်ဟာ ဆက်နောင်ပေမို့ ပါဆယ်ထုတ် တင်ပို့သည့် လေယာဉ်လိုင်းကိုစုံစမ်းခဲ့၏။ personal information တွေမသိခဲ့ရပေမဲ့ air သွားတဲ့ နိုင်ငံ ၃နိုင်ငံကို သိခဲ့ရ၏။ နီးစပ်လာသော အခြေအနေတွေကြောင့် ဆက်နောင်ပျော်
ရွှင်ခဲ့ရ၏။ စုံစမ်းခြင်းကို ခနရပ်ထားပြီး သူ့ company ဘက်သို့ အာရုံစိုက်ရသေးသည်။

မွေးနေ့မှာ မိဘတွေက လုပ်ငန်းတွေလွဲပြောင်းပေးမဲ့ပေမဲ့ သူလက်မခံခဲ့ပေ။ သူ့အဖွားသူ့
အတွက်ပေးခဲ့သော အမွေတွေနဲ့သာ သီးသန့်
စီးပွါးဆုံးလုပ်ဖို့ဖြတ်ခဲ့သည်။ ထက်မြတ် ရယ် သူရိန် ရယ် ၂နှစ်အတွင်း ရုပ်လုံးပေါ်လာအောင် ကြိုးစားခဲ့ကြရသည်။ သူရိန်ကတော့ ဆက်နောင် ထံ share ထည့်ခဲ့ကာ ထက်မြတ်ကတော့ သူ့
အတွင်းရေးမှူးအဖြစ်ပါဝင်ကူညီပေးခဲ့သည်။ သူတို့တည်ထောင်ခဲ့သည်ကတော့ Hotel တွေကိုအဆင့်မှီဆောက်လုပ်ဖွင့်လှစ်ခြင်းသာ။ ယခုဆိုလျှင် ဆက်နောင်ပိုင်ဆိုင်သော Hotel တွေမှာ ၅ခုရှိခဲ့ပြီ မြန်မာပြည်တွင်အကြီးအကျယ်ဆုံး Hotel အဖြစ်တည်ထောင်ခဲ့သည်။အထပ်မြင့် Condo တွေလဲများစွာတိုးချဲ့နိုင်ခဲ့သည်။သူကြိုးစားခဲ့သမျှကတော့ သူ့ကိုကလေးလို့ထင်ကာ အားကိုးလို့မရဘူးထင်ခဲ့သူကြောင့်သာ။

အစကတော့ ကျောင်းပြီးမှအပုန်းကောင်းနေသူထံသွားရှာရန်တွေးထားပေမဲ့ သူ့အသက် ၂၀ ပြည့်လက်ဆောင်ကြောင့် ချက်ခြင်းလိုက်ဖို့ရာအကြောင်းဖန်လာခဲ့သည်။ နောက်ဆုံးပို့ခြင်း
လက်ဆောင်ပါဟု စာထဲတွင်ဖတ်ရတုန်းကဆို သူ့ရင်တွေပလောင်ဆူခဲ့ရသေး၏။ထိုလက်ဆောင်
ပို့ခဲ့တဲ့ air line နဲ့တကွအချိန်အတိကျစုံစမ်းခဲ့ရာ လန်ဒန် လေဆိပ်မှဖြစ်နေသည်။ ပို့သူကတော့ agency တစ်ခုဟုသာသိရပြန်သည်။ သို့ပေမဲ့ လန်ဒန်ဟုသိရပြီး စစ်သွင်အိမ်မှာနေစဉ်က master တန်းတက်မည်ဟုသူသိခဲ့ရသောကြောင့် လန်ဒန်မြို့က ကျောင်းတွေအကုန်စုံစမ်းခဲ့ရာ သူရဲ့အပုန်းကောင်းသော လူသားလေးကိုရှာတွေ့ခဲ့တော့သည်။ ဤသို့ဖြင့် ဆက်နောင် နောက်ဆုံးနှစ်ကို လန်ဒန်မှာ တက်ရန်ဖြစ်လာရတော့၏။

My Property (complete)Where stories live. Discover now