အပိုင်း(၂၀)uni

19.6K 898 70
                                    

မနက်ခင်းလင်းရောင်ခြည်သန်းတာနဲ့ စစ်သွင် စံအိမ်သို့အမြန်ပြန်ခဲ့လိုက်သည်။ မနေ့ညနေက ဆက်နောင်တို့ ရန်ဖြစ်လို့ရဲစခန်းရောက်သည်ဟုသော အကြောင်းကို ဦးမြင့်ဖုန်းဆက်ပြောက
တည်းက စစ်သွင်အပြေးပြန်လိုက်ချင်ပေမဲ့ ကိုကောင်းကိုအားနာ၍ သူတို့အိမ်တွင် တစ်ညလိုက် အိပ်ခဲ့ရသည်။ ဒါကြောင့်ခုမနက်ခင်းလင်း
ခြင်းတန်းပြန်ခဲ့ခြင်းပင်။

စစ်သွင်အိမ်ရောက်တော့ ၆ နာရီခွဲသာရှိသေးသည်။ ကောင်လေးမနိုးလောက်သေးမှန်းသိပေမဲ့ ကောင်လေးအခန်းဆီသို့သာ အရင်လာခဲ့လိုက် ၏။မနေ့က သူလွန်သွားသည်။ ဆက်နောင်
စိတ်က လက်တစ်စစ်ဆိုတာ သိရဲ့နဲ့သူကိုယ်တိုင် ကလဲအကြီးဖြစ်ပြီး ဆက်နောင်ကို မရှင်းပြမိတဲ့အပြင် လက်ပါပါမိလိုက်သည်။ မနေ့ညကလဲ သူအိပ်မပျော်ခဲ့ပါ ဆက်နောင်ပါးကို ရိုက်မိခဲ့တဲ့ သူ့လက်သူပြန်ကြည့်ရင်း အပြစ်တင်နေမိသည်။

စစ်သွင်အခန်းထဲရောက်တော့ ထုံးစံအတိုင်း သူ့ရဲ့လူဆိုးလေးက ခြေကားယားလက်ကားယား
အိပ်နေသဖြင့် ပြုံးမိသွားသေးသည်။ စစ်သွင် ကုတင်ဘေးတွင် ဝင်ထိုင်လိုက်ကာ အိပ်နေသူကို သေချာကြည့်လိုက်မိ၏။ ဖြူပြီးကြည်လင်နေသော မျက်နှာလေးထက်ဝယ် အနီရောင်အဆင်းရာကအထင်းသားပင်။ စစ်သွင်အတော်ပင်စိတ်မကောင်းဖြစ်သွားရသည်။ဆက်နောင်နဖူးပေါ်က ဆံပင်စများကို ဖွဖွသပ်တင်ပေးရင်း ပါးပြင်က သူပေးမိတဲ့ ဒဏ်ရာကို ခပ်ဖွဖွ ပွတ်သတ်မိလိုက် သည်။

" ကိုယ်တောင်းပန်ပါတယ်ကောင်လေးရယ်"

စစ်သွင်အတော်ပင်စိတ်မကောင်းဖြစ်ရသော ကြောင့် ခပ်တိုးတိုးဆိုမိသည်။

" ဟင်းးး"

ထိုစဉ်ကောင်လေးက လှုပ်လာသဖြင့် စစ်သွင်
လက်တို့ ပြန်ရုတ်လိုက်ရသည်။ ဆက်နောင် ကညည်းရင်း မျက်လုံးအိမ်များကို လက်ဖြင့်
ပွတ်သတ်ပြီး တဖြည်းဖြည်းမျက်လုံးဖွင့်အ
ကြည့်တွင် သူ့ရှေ့က ဖြူလွလွပုံရိပ်လေး၊သူ
လွမ်းနေရသောပုံရိပ်လေးကို မြင်လိုက်ရသဖြင့် မျက်လုံးတို့ပြူးကျယ်သွားသည်။

" ကိုကို "

ဆက်နောင်အံ့ဩတကြီးခေါ်လိုက်မိသည်။

My Property (complete)Where stories live. Discover now