Extra 4 ( M&Y ) uni

13K 479 19
                                    

" Sorry ဆက်နောင်ရေ အကိုတို့ နည်းနည်း
နောက်ကျသွားတယ် "

Restaurant တစ်ခုရှိVIP room သို့ ဝင်လာသော
စိုင်းခက်လျှံမှ ဦးစွာ တောင်းပန်စကားဆိုလိုက် ၏။

" အာ မလိုပါဘူး ကိုစိုင်းရ ... ကိုထိုက် ပါမှပါ
ပမလားလို့ "

နောက်က ကပ်ပါလာသော ထိုက်ဘုန်းရှိန်ကိုပါ တစ်ခါတည်း နှုတ်ဆက်လိုက်၏။ ဒီအတွဲနဲ့သူသိတာ လွန်ခဲ့တဲ့နှစ်တွေကတည်းကပင်။

" အကိုလဲ အားတာနဲ့ လိုက်ခဲ့တာညီရေ မင်းနဲ့လဲ မတွေ့တာကြာပြီလေ "

စိုင်းခက်လျှံထိုင်ဖို့ ခုံလေး ဆွဲထုတ်ပေးပြီးမှ
ထိုက်ဘုန်းရှိန်က ဝင်ထိုင်၏။ အပိုတွေလုပ်နေ
ခြင်းမဟုတ်ပဲ လုပ်နေကြအတိုင်းသာ ဂရုစိုက် ပေး နေတယ်ဆိုတာ သိသာစေသည်။ ထိုအတွဲက ဆက်နောင် အားကျရသောအတွဲဆိုလဲမမှား ။

" ဟုတ်ပဗျာ တကယ်ကြာခဲ့ပြီ "

" အကုန်အဆင်ပြေကြတယ်မို့လား "

" ပြေပါတယ် ကိုစိုင်း ... ဒါနဲ့ မိတ်ဆက်ပေးရအုံးမယ် "

ခုထိ ငြိမ်နေတဲ့ စစ်သွင်ဘက်လှည့်ကာ ပခုံးကို ဆွဲဖက်လျက်

" ဒါက ကျွန်တော့် အိမ်ထောင်ဘက် ရေးစစ်သွင် တဲ့ .. ကိုကို သူတို့က ကျွန်တော့်အရင်းနှီးဆုံး
မိတ်ဆွေတွေ ကိုထိုက်ဘုန်းရှိန် နဲ့ ကိုစိုင်းခက်လျှံ တဲ့ "

" ဟုတ်ကဲ့ တွေ့ရတာဝမ်းသာပါတယ် ခုမှဆုံရ
ပေမဲ့ ကောင်လေးပြောပြထားလို့ ရင်းနှီးနေတာတော့ကြာပါပြီ "

" ကျွန်တော်တို့လဲ ခုလိုဆုံရတာဝမ်းသာပါတယ် ဟျောင့်ဆက်နောင် မင်းကတကယ်အရွေးတော်တာပဲ အချောလေးကို ဘယ်ကရှာလာတာလဲ"

" ဟဲဟဲ ဒါကတော့ ကုသိုလ်ကံပေါ့ဗျာ "

" ညီတို့ ပွဲကို မလာလိုက်ရတာ စိတ်မကောင်းဘူးကွာ အဲတုန်းက ခက် ရဲ့ မေမေက ဆေးရုံတင်
လိုက်ရတော့ ဘယ်လိုမှမလာနိုင်လိုက်တာ "

" ရပါတယ် ဗျာ ပြောရမဲ့လူတွေမှမဟုတ်ပဲ"

" ကောင်လေး စားစရာတွေအရင်မှာလိုက်တော့လေ ပြီးမှ အလုပ်အကြောင်းပြောကြပေါ့ "

My Property (complete)Where stories live. Discover now