အပိုင်း(၃၀) ❗️uni

24.5K 849 24
                                    

❗️Warning ပစိလေးပေးပါတယ် ‼️ ❤️
အပြောအဆို ကြမ်းတမ်းတာတွေ ပါနိုင်တဲ့
အတွက်မကြိုက်လျှင် ကျော်ဖတ်လို့ရပါတယ်❤️

" ကိုကို "

" အင်း "

" ကျွန်တော်တို့ နမ်းကြမလား "

"ဟင် "

ဆက်နောင်ဟာ ရွှန်းရွှန်းစားစားမျက်ဝန်းတွေနဲ့
စစ်သွင်ကို စိုက်ကြည့်နေ၏။ ညှိ့ငင်အားပြင်းသော ထိုမျက်ဝန်းနက်နက်တွေက စစ်သွင်အဖို့ သိပ်ကို ရင်ဖိုစရာကောင်းလှ၏။ရင်ခုန်စိတ်လှုပ် ရှားဖွယ်ရာအပြည့်ပင်။

" ခွင့်ပြုပေးမှာလား "

" ဟို..ကျောင်းမှာလေကောင်လေးရဲ့ အခြားသူတွေမြင်လိမ့်မယ် "

" ဟိုဘက်က ရင်စင်နားကိုသွားမယ် အဲနားက ချောင်ကျတယ် ပြီးတော့ ဒီပေါ်ကိုဘယ်သူမှမလာဘူး ကျွန်တော်လာနေ့ကြ "

" ဒါပေမဲ့ "

" ဒါပေမဲ့မနေနဲ့ ကျွန်တော်မရတော့ဘူး "

" ဘာကို မရ .. ဟာကောင်လေးဖြည်းဖြည်းလုပ် ပါ"

ဆက်နောင်က ဇွတ်ပင် စစ်သွင်လက်ကိုဆွဲကာ ခေါင်မိုးထောင့်ဘက်ခြမ်းက ရေစင်ဘက်ကိုခေါ်သွားတော့၏။ အတက်လှေကားနဲ့လဲ ဝေးပြီး ထောင့်ဘက်ခြမ်းဖြစ်လို့ လူတက်လာလျှင်
တောင်သူတို့ကိုမမြင်နိုင်ပေ။ ထောင့်အကွယ်
ရောက်သည်နှင့်စစ်သွင်ကို နံရံနဲ့ဖိကပ်ကာ အုပ်မိုးလျက်အချစ်စိတ်မျက်ဝန်းတွေနဲ့ စိုက်ကြည့်နေပြန်သည်။ စစ်သွင်ကလဲ ရှည်လျားလွန်းသော ဆက်နောင်ကို မော့ကြည့်နေရ၏။

" ကိုကို "

" ဟင် အင်း "

စစ်သွင်မှာ ကတုန်ကရင်ဖြစ်နေရ၏။

" ကိုကို ရော နမ်းချင်ရဲ့လား "

စစ်သွင်မှာ ကြက်သီးမွှေးညှင်းတို့ပင် ဖြန်းကနဲထသွားရ၏။ တစ်လုံးခြင်းညင်သာစွာပြောလာသော ဆက်နောင်အသံမှာ ရူးအောင်ဆွဲဆောင်နိုင်၏။ ကြားရသူ စစ်သွင်မျက်နှာလေးမှာလဲ ရဲကနဲပင်။ စစ်သွင် ရှက်ကာ ခေါင်းငုံ့ထားလိုက်မိ၏။ ထိုအခါ ဆက်နောင်၏ ခပ်ဟဟရီသံကိုကြား
လိုက်ရသည်။

My Property (complete)Where stories live. Discover now