ထက်မြတ်မြန်မာပြည်ကိုရောက်နေတာ ၁ပတ် လောက်ရှိပြီ ။ နှင်းနဲ့ခုထိမတွေ့ရသေးပေ။ နှင်းကရုတ်တရက်အလုပ်ရှိလို့ဟုဆိုလာသဖြင့် ခုမှတွေ့ကြရမည်။ထိုင်နေကျcafeဆိုင်လေးမှာပဲနှင်းရဲ့အလာကိုစောင့်နေရ၏။သူလဲ ဆက်နောင်ခိုင်းထားတဲ့ အလုပ်ကိစ္စတွေ တောက်လျှောက်လုပ် နေရသဖြင့်မအားပေ။ မေမေနဲ့ညီမလေးကိုတော့ အချိန်ပေးဖြစ်သည်။ ညီမလေးက ခုဆို ပထမ
နှစ်စတက်ရတော့မှာမို့ လိုလေသေးမရှိအောင်
ဖြည့်ဆည်းပေးနေရ၏။ မေမေက လဲ ကျန်းမာရေးမချူချာပေမဲ့အရမ်းအကောင်းကြီးတော့လဲမဟုတ်။ထက်မြတ်ဘဝမှာ အရွယ်ရောက်ကတည်းက သားအကြီးတစ်ယောက်အနေနဲ့အိမ်ရဲ့တာဝန်ကိုယူခဲ့သည်။ မပြည့်စုံခဲ့တဲ့အပြင်ဖခင်မရှိတော့သဖြင့်အမေဟာ company တစ်ခုမှအလုပ်ဝင်လုပ် ခဲ့ပြီး သူတို့မောင်နှမနှစ်ယောက်ကို ကျွေးမွေးစောင့်ရှောက်ပေးခဲ့၏။ ထို့ကြောင့်လဲ ၁၀ တန်းပြီးကတည်းက ထက်မြတ်ဟာ ဝပ်ရှော့ တွင်အလုပ်ဝင်လုပ်ခဲ့၏။ တက္ကသိုလ်ကိုလဲ အဝေးသင် အဖြစ်သာယူခဲ့ပြီး ရရာအလုပ်မျိုးစုံဝင်လုပ်ခဲ့ရသည်။ ၈နှစ်ကွာသော ညီမလေးအတွက်ပါ နေ့နေ့ညညကြိုးစားခဲ့ရ၏။ နောက်ဆုံးနှစ်ရောက် တော့ သက်ထက်မြိုင် သို့ရောက်ခဲ့ပြီးငွေကြေးကိစ္စတွေအဆင်ပြေခဲ့သည်။အခုဆို အမေတို့ကို လဲ သစ်သားအိမ်လေးကနေ၁ထပ်တိုက်လေးထားခဲ့နိုင်ပြီ။ နောက်ဆို သူကိုယ်တိုင်ပါ မိသားစုဘဝလေးကို ဖန်တီးကာ ဒီအလုပ်မှထွက်၍ သူ
တကယ်ဝါသနာပါသော Cafe ဆိုင်လေးဖွင့်ဖို့
ရန်ရည်မှန်းခဲ့သည်။သို့ပေမဲ့အရာအာလုံးပျက်စီးသွားခဲ့ပြီ။ အမှားတစ်ခုက ဘဝတစ်ခုလုံးပါပေးစပ်ရသည်အထိဖြစ် ခဲ့ပြီ။ သူရိန်ဟာ သူနဲ့သိခဲ့တဲ့နှစ်တွေအတွင်းမှာ ညီလေးတစ်ယောက်လို ချစ်ခင်ခဲ့၏။သူ့ကို သဘောကျပါတယ်ပြောခဲ့ပေမဲ့လဲ ပြောင်းလဲခြင်းမရှိပဲ ဆက်ဆံပေးခဲ့ပါသည်။ ယခုလိုတွေသူ့အပေါ်ခြိမ်းခြောက်အကျပ်ကိုင်ခဲ့လိမ့်မည်လို့တော့မထင်ခဲ့ပါ။ မုန်းသည်ထိမဟုတ်ပေမဲ့ သူစိတ်နာပါသည်။ ခုတော့အိမ်ထောင် အင်းး သူအိမ် ထောင်ကျသွားပြီလေ။ ဘယ်လိုပဲယောကျာ်းချင်းပဲပြောပြော သူဟာယခုဆိုလျှင်လူလွတ်တစ် ယောက်မဟုတ်တော့ပေ။ အိမ်ကိုဘယ်လိုပြောရမည်နည်း၊ နှင်းကိုဘယ်လိုပြောရမည်နည်း။ နှင်းနဲ့ပတ်သတ်နေသေးတာဟာ သူ့လုပ်ရပ်တွေ မမှန်
မှန်းသိပေမဲ့ ချက်ချင်းကြီးဖြတ်ဖို့မဖြစ်နိုင်သေးပါ။ သူရိန်ခံစားရမယ်ဆိုတာ သိပေမဲ့ မတတ်နိုင် ပါ။ယခုလိုဖြစ်အောင်သူပဲဖန်တီးခဲ့ခြင်းမို့လား။
YOU ARE READING
My Property (complete)
Romance"သက်ထက်မြိုင်" စံအိမ်ကြီးရဲ့သခင်လေး အသက်၁၅ နှစ်အရွယ် မာန်ဆက်နောင်ကို ဆိုးလွန်းလို့ ထိန်းကျောင်းရန်အတွက် ရေးစစ်သွင်ဆိုတဲ့အထိန်းတော် တစ်ယောက် ရောက်ရှိလာပါတယ်။ သခင်လေးနဲ့အထိန်းတော် ဘယ်လိုတွေစခန်းသွားမလဲ emma နဲ့အတူ လိုက်ပါ စီးမျောလိုက်ရအောင်နော်❤️ Star...