စားသောက်ဆိုင်ကြီး၁ခု၏ VIP အခန်းထဲတွင် ဆက်နောင်တို့ ၄ ယောက်ဆုံကာစကားပြောနေကြခြင်းပင်။ သူတို့ရှေ့ဆက်ရမဲ့ အနာဂတ်အတွက်တိုင်ပင်ခြင်းပင်။
" မင်းတကယ် ဆုံးဖြတ်လိုက်ပြီပေါ့ "
" ဟုတ်တယ် ဆက်နောင် ခုငါက အိမ်ထောင်သည်ဘဝကိုလဲရောက်သွားပြီဆိုတော့ အကိုနဲ့အတူ အနာဂတ်သစ်တစ်ခုကို တည်ထောင်ရတော့မယ် လေ။
သူရိန်က ဆက်နောင်ကို ပြောနေရင်း
ထက်မြတ်ကို မြတ်နိုးစွာကြည့်လိုက်မိသည်။ ထက်မြတ်ကလဲ ပြုံးလျက်။" အေးပေါ့လေ အကိုထက်မြတ် မိသားစုကလဲ အဲမှာပဲဆိုတော့ ပြန်သင့်ပါတယ် အဲတာဆို Hotel ကို တစ်ခုဆီ မင်းတို့ဦးစီးလိုက်ကြပေါ့"
" အဲကိစ္စလဲ ငါပြောမလို့ Hotel ကို ငါပဲဦးစီးမှာ အကို့ကို သူဝါသနာပါတာလေးပဲ ငါလုပ်ခိုင်းတော့မလို့ "
" ဟုတ်တယ် အကိုလေး ဒါပေမဲ့စိတ်မပူပါနဲ့ အားတဲ့အချိန်တွေ စရင်းတွေကူလုပ်ပေးမှာပါ "
" ကျွန်တော့်ကို အဲလိုခေါ်မနေပါနဲ့တော့ဗျာ ဆက်နောင်လို့ပဲခေါ်ပါတော့"
ငယ်ငယ်ကတည်းကခေါ်လာတာမို့အကျင့်ကပါနေလေသည်။
" အကျင့်ပါနေလို့ပါ ဆက်နောင် "
" အဲလိုလုပ်ပါဗျ ... ကိုထက်မြတ်တို့ အဆင်ပြေရင်ပြီးတာပါပဲ "
ထက်မြတ်က ဆက်နောင်ကို ပြုံးပြအသိအမှတ် ပြုပြီး စစ်သွင်ကိုကြည့်ကာ
" အကိုစစ်သွင်ရော အစအစအရာရာအဆင်ပြေရဲ့လားဗျ "
" ပြေပါတယ် ကွာ ကိုယ်က မင်းတို့ခုလိုအဆင် ပြေသွားလို့ တကယ်ဝမ်းသာနေတာ "
" ဟုတ်ပ ကိုကို ရာ မဟုတ်ရင် အဲကောင်မူးပြီး
ရစ်သမျှ အမြဲခံနေရမှာ ခွေးလိုနွားလို ငိုယိုနေတာနေ့တိုင်းပဲလေ "" ဟျောင့် စောက်ပိုတွေပြောမနေနဲ့ မင်းတုန်းကလဲ ဘာထူးလဲ ကိုကို ၊ ကိုကို နဲ့လေ မငိုဘူးလား"
" အောင်မာ မင်းကငါ့ထက်ပိုဆိုးတယ်ကွ "
" ဘူဘူချင်း၁လုပ်မနေနဲ့ မအေဘေး "
"ဘာကွ ခွေးကောင် ငါ့ကိုဆဲတယ် ပေါ့ "
" ဆဲတယ်ကွာ ဘာဖြစ်ချင်လဲ ထိုးမှာလားပြော"
YOU ARE READING
My Property (complete)
Romance"သက်ထက်မြိုင်" စံအိမ်ကြီးရဲ့သခင်လေး အသက်၁၅ နှစ်အရွယ် မာန်ဆက်နောင်ကို ဆိုးလွန်းလို့ ထိန်းကျောင်းရန်အတွက် ရေးစစ်သွင်ဆိုတဲ့အထိန်းတော် တစ်ယောက် ရောက်ရှိလာပါတယ်။ သခင်လေးနဲ့အထိန်းတော် ဘယ်လိုတွေစခန်းသွားမလဲ emma နဲ့အတူ လိုက်ပါ စီးမျောလိုက်ရအောင်နော်❤️ Star...