အပိုင်း(၃၁)uni

17.3K 888 70
                                    

" ဆက်နောင်ရာ ဘာလို့ အကို့ကိုလွတ်ရတာလဲ"

" သူရိန်ရာ ငါတို့က ဒီမှာ ဦးစီးနေရမှတော့
ကိုထက်မြတ်ကို ဟိုခနလွှတ်ပြီး ကြည့်ကြပ်ခိုင်းရအုန်းမှာပေါ့"

" ဒါပေမဲ့ သူမြန်မာပြည်သွားရင် ဟိုမိန်းကလေးနဲ့ ဟာကွာ ငါစိတ်ညစ်ပါတယ် "

" ဘယ်လို ကိုထက်မြတ်က သူ့အရင်ကောင်မလေးနဲ့ ခုထိမပြတ်သေးတာလားမင်းတို့ယူထားတာတောင် ၃လရှိနေပြီလေ"

" ထားလိုက်တော့ကွာ ဒါပဲဆက်နောင် နောက်မှအဲကိစ္စအေးဆေးပြောပြမယ် "

တီ ....

သူရိန် ဖုန်းချပြီးသည်နှင့် ငူငူကြီးထိုင်ကာ မှန်ပြတင်းတံခါးဆီမှ အပြင်ဘက်ကို အကြောင်းမဲ့ငေးနေမိပြန်သည်။ အကို့ကို မြန်မာပြည်လွှတ်လိုက် ရင် ဟိုမိန်းကလေးနဲ့သေချာပေါက်တွေ့ကြလိမ့်
မည်။ သူဘယ်လိုလုပ်ရမလဲ။ ဆက်နောင်ကလဲ ကျောင်းတစ်ဖက်နဲ့မို့ ဒီကလုပ်ငန်းအတွက်က သူရှိမှဖြစ်ပေလိမ့်အုန်းမည်။ ဆက်နောင်က လင်မျက်နှာ တကမ္ဘာထင်ကာ လင်နောက်လိုက် လာပြီး မိဘအရိပ်အောက်က လွတ်ချင်သူပီပီ လုပ်ငန်းတိုးချဲ့နေခြင်းပင်။ CEO က ဆက်နောင် ဖြစ်နေပေမဲ့ အလုပ်မလာသော CEO ပါလေ။ သူနဲ့အကို က လိုက်၍ လုပ်ကိုင်ပေးနေရတာကအရင်ကဆိုဘာမှမဖြစ်ပေမဲ့ ခုချိန်တွင်တော့ မြန်မာပြည်ကို ထက်မြတ်အားပြန်၍မလွတ်ချင်။
ဒီက လုပ်ငန်းကလဲ ဆက်နောင်က Trading ကိုပဲလုပ်တော့မည်ဆိုသဖြင့် ရုံးမှာက သူမရှိလို့မဖြစ်။အချိန်နဲ့အမျှပြောင်းလဲနေတဲ့ ငွေကြေးစျေးကွက်တွေကို စောင့်ကြည့်၍ ဝယ်ရရောင်းရခြင်းပင်။

ခုလဲ ထက်မြတ်က မြန်မာပြည်ပြန်ဖို့ရာအတွက် လိုအပ်တာတွေသွားဝယ်နေ၏။ ဒီကိစ္စကို သူ့ကိုလုံးဝမပြောပြပေ။ ခုမှသာသိရခြင်းဖြစ်၏။ သူကအကို့အတွက် အဲလောက်ကို ဘောင်မဝင်ခဲ့လေသလား။ ၃လအတွင်း သူတို့အခြေအနေတိုးတက်ခဲ့သည်ထင်ခဲ့တာလေ။ သူတို့လက်ထပ်ပြီး ၁လကျော်နောက်ပိုင်းတွင် သူတို့ ၁ပတ်၁ရက် အတူထပ်၍နေဖြစ်၏။ သူရိန်ရဲ့ ရူးနှမ်းနှမ်းအတွေးတွေက အလုပ်မဖြစ်ဘူးထင်ပါသည်။ အင်းပေါ့လေ ခုလိုအတူနေကြဖို့လဲ သူရိန်က လိုအပ် နေသည် တောင်းဆိုခဲ့တာဖြစ်ပြီး အိမ်ထောင် ၁ခုမှ လိုအပ်ချက်အရ အကိုက ဖြည်းဆည်းပေးရုံသာဖြစ်ခဲ့သည်။ စိတ်ပါနေ၍တော့မဟုတ်လောက်။

My Property (complete)Where stories live. Discover now